Preview

ပလက်၀ ၂၈၉ တပ်ရင်းကို ရက္ခိုင့်တပ်တော်သိမ်းပိုက်

ဇန်နဝါရီ ၁၃/ ၂၀၂၄ | ကြည့်ရှုသူ :7757
ရခိုင် သတင်း

(တပ်မမှူး၊ ဗျူဟာမှူးအပါအဝင် တပ်သား၃၀ ကျော် ဖမ်းဆီး၇မိ)

ချင်းပြည်နယ်၊ ပလက်၀အခြေစိုက် ခလ၇ ၂၈၉ တပ်ရင်းကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း သိ၇သည်။

ဇန်နဝါရီလ ၁၁ ရက်ကတည်းက ခလ၇ ၂၈၉ တပ်ရင်းကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထားပြီး တပ်မမှူး၊ ဗျူဟာမှူး အပါအဝင်စစ်ကောင်စီတပ်သားအများအပြားကိုလည်း ဖမ်းဆီးရမိထားကြောင်း အေအေနှင့်နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

"အဲ့ဒီ တပ်ဟာ ဒေသခံတွေကို လက်နက်ကြီးတွေပစ်ပြီး ဒုက္ခပေးနေခဲ့တဲ့ အဓိက တပ်ရင်းဖြစ်တယ်။ တပ်မမှူး  နှစ်ယောက်တောင်ထိုင်ခဲ့တဲ့ တပ်လည်း ဖြစ်တယ်။ အခု စခန်းသိမ်းလိုက်တော့ အုပ်စုလိုက် ကစဉ့်ကလျား ထွက်ပြေးကြတယ်။ အခု လိုက်ပြီးတော့တော့ ရှင်းလင်းနေပါတယ်။ လက်နက်တွေလည်း အမြောက်အမြားရထားတာရှိပါတယ်" ဟု ပြောသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်တွင် တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေကို ရေတံခွန် တောင်ကုန်းမှာ ဖမ်းဆီး၇မိပြီး နောက်ထပ် ဗျူဟာမှူး အပါအဝင် တပ်သား ၃၃ ဦးကို မီးချောင်း၊ စင်လီအနီး ဖမ်းဆီးရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

"မီးချောင်း၊ စင်လီကို မရောက်ခင်မှာ ချောင်းဖျားတစ်နေရာမှာ စခန်းသိမ်းတုန်းက ထွက်ပြေးကြတဲ့ နောက်ထပ် ဗျူဟာမှူးအပါအဝင် တပ်သား ၃၃ ဦးကို အေအေက ဖမ်းမိပါတယ်။ နောက် ရေတံခွန် တောင်ဘက်မှာတော့ ပျောက်နေတဲ့ တပ်မမှူးတစ်ဦးကို ထပ်ဖမ်းမိတယ်လို့ သိ၇ပါတယ်။ အကျအဆုံးလည်း များပါတယ်"ဟု ပြောသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဖက်က အကျအဆုံးများပြီး တပ်သားအများအပြားလည်း ထွက်ပြေးနေသည့်အတွက် အေအေက လိုက်လံဖမ်းဆီးလျက်ရှိကြောင်း သိ၇သည်။

တပ်မမှူး နှင့် ဗျူဟာမှူးအပါအဝင် တပ်သားများ ဖမ်းဆီးရမိထားမှုနှင့် ပတ်သက်၍ အတည်ပြုနိုင်ရန် အေအေပြောခွင့်ရသူ ဦးခိုင်သုခအားဆက်သွယ်မေးမြန်းနေပြီး ပြန်လည် ဖြေကြားခြင်း မရှိသေးပါ။

ယနေ့ ဇန်နဝါရီ ၁၃ ရက် နေ့လယ် ၂ နာရီခွဲတွင် အေအေက သိမ်းပိုက်ထားသည့် တောင်ရှည်တောင် ဗျူဟာအပါအဝင် ပလက်၀မှတပ်စခန်းတချို့အား ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိ၇သည်။ (NN-7)

#ပလက်ဝ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.