Preview

လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်ခံခဲ့ရသူ မြောက်ဦးမှ အမျိုးသားနှစ်ဦး၏ အလောင်းတွင် အဓမ္မပြုကျင့်ခံရသည့် လက္ခဏာများတွေ့ရှိဟုဆို

ဇန်နဝါရီ ၁၄/ ၂၀၂၄ | ကြည့်ရှုသူ :5565
ရခိုင် သတင်း

ရခိုင်ပြည်၊မြောက်ဦးမြို့တွင် စစ်ကောင်စီတပ် လူသားဒိုင်းကာအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်ခံခဲ့၇သည့်အမျိုးသား၃ဦးထဲမှ ၂ ဦး၏ အလောင်းများ တွင်အဓမ္မပြုကျင့်ခံရသည့် လက္ခဏာများတွေ့ရှိရကြောင်း အလောင်းကို  သွားရောက်ယူဆောင်ပြီးစစ်ဆေးခဲ့သူများထံမှသိ၇သည်။

"အလောင်းကို စတွေ့တော့ဘောင်းဘီတွေ နှစ်ယောက်လုံးမှာ ကျွတ်နေတယ်။ နောက်ပြီး စအိုမှာသွေးစတွေလည်းတွေ့ရတဲ့အတွက် ဒါဟာ ဘယ်လိုလက္ခဏာလဲဆိုတာ ထင်သာနေပါပြီ။ နောက်ပြီးအလောင်းတွေဟာ လက်ပြန်ကြိုးတုပ်လျက်ကြီးတွေ့ရတာပါ။ တကယ်ကို စိတ်မကောင်းသလို စိတ်တိုဒေါသတွေထွက်၇ပါတယ်" ဟုအမည်မဖော်လိုသူတစ်ဦးက ပြောသည်။

ဇန်နဝါရီ၉ ရက် နေ့လယ်ပိုင်းအချိန်တွင်  ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက်  စစ်ကောင်စီ ခမ၇ (၅၄၀)တပ်ရင်းစစ်ကြောင်းသည် မြို့ထဲသို့ ပြန်ဝင်လာပြီး လမ်းသွားလမ်းလာ အမျိုးသား၃ ဦးကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကာ သေနတ်ဖြင့်ပစ်သတ်ပြီးအလောင်းကို စွန့်ပစ်ထားခဲ့သည်။


သေနတ်ဖြင့် ပစ်သတ်ခံရသူများမှာရှောက်တောစုရပ်ကွက်မှ ဦးထွန်းထွန်းဦးအသက် (၃၅ နှစ်)၊ ကိုစောနိုင်ထွန်းအသက်(၂၈ နှစ်) နှင့် အလယ်ဈေးရပ်ကွက်မှ ဦးစံရွှေကျော်အသက် (၅၂ နှစ်) တို့ ဖြစ်သည်။

ယင်း၃ ဦးအနက် ဦးထွန်းထွန်းဦးနှင့် ကိုစောနိုင်ထွန်းတို့သည် အသတ်မခံရမီယောကျာ်းချင်း အဓမ္မပြုကျင့်ခံရသည့်လက္ခဏာများကို အလောင်း၌တွေ့ရသည်ဟု  အလောင်းသွားရောက် ယူဆောင်ခဲ့သူများက ပြောသည်။

မြောက်ဦးမှ လူမှုရေးလှုပ်ရှားသူတစ်ဦးက"စစ်တပ်ရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ပြောစရာ စကားတောင် မရှိတော့ပါဘူး။ အရမ်းကို ယုတ်မာပါတယ်။ သူတို့ဆီရောက်သွားရင်အဆုံးလို့ မှတ်ယူရတဲ့ အနေအထားပါ။ ကျနော် ဘာမှပြောစရာစကားတောင်မရှိတော့ပါဘူး"ဟု ပြောသည်။ 

ယခုဖြစ်ရပ်နှင့် ပတ်သက်၍စစ်ရေးပြင်းထန်လာသည်နှင့်အမျှ ပြည်သူများအား ဆိုးဝါးစွာ ယုတ်မာလာသည့် စစ်ကောင်စီအပေါ် နိုင်ငံတကာအနေနှင့်လည်း ထိရောက်စွာ အရေးယူ ဆောင်ရွက်သင့်ကြောင်းရခိုင်လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးက ပြောသည်။


"ဒါကစစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာဖြစ်တယ်။ ဒီအပေါ်မှာဒီလိုတွေ စစ်တပ်က ယုတ်မာနေသမျှကို နိုင်ငံတကာက လက်ပိုက်ကြည့်နေတော့မှာလား။ထိထိရောက်ရောက်တားဆီးမှုတွေ ထိအားပေးမှုတွေနဲ့အရေးယူပေးဖို့ကို ကျနော်တို့ တောင်းဆိုချင်ပါတယ်"ဟု ပြောသည်။

မြောက်ဦးအခြေစိုက်ခမ၇ (၅၄၀) မှ အင်အား (၅၀) ကျော်ခန့်ရှိ စစ်ကြောင်းနှင့်ရက္ခိုင့်တပ်တော်တို့ သကျမာရ်အောင် ဘုရားအနီးတွင် မိနစ်အနည်းငယ်ကြာထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ(၁၅) ဦးထက်မနည်းကျဆုံးခဲ့ကာ အကျအဆုံးများကြောင်း၊ အထိနာနေသောစစ်ကြောင်းသည် မြောက်ဦးမြို့အတွင်းသို့ဆုတ်ပြေးစဉ် လမ်း၌တွေ့ရှိသောမြောက်ဦးမြို့ခံ (၃) ဦးအား လူသားဒိုင်းကာလုပ်၍ ခမ၇ (၅၄၀) တပ်ရင်းသို့ခေါ်ဆောင်သွားပြီး အဆိုပါအပြစ်မဲ့ အရပ်သား (၃) ဦးစလုံးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ဇန်နဝါရီလ (၉) ရက်နေ့ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

(ကျန်ရစ်သူ မိသားစုများနှင့်စာဖတ်ပရိသတ်အား အထူးတောင်းပန်အပ်ပါသည်။ ယခုသတင်းနှင့်ပတ်သက်ပြီး မဖော်ပြချင်ပါသော်လည်း မြန်မာစစ်ကောင်စီတပ်၏ လူမဆန်သည့် ယခုကဲ့သို့ ယုတ်မာရိုင်းစိုင်းလှသည့်လုပ်ရပ်များကို မဖော်ထုတ်ဘဲ ဖုံးကွယ်ထားရန် မဖြစ်နိုင်၍ ဤသတင်းအား ရေးသားတင်ပြ၇ခြင်းဖြစ်ပါသည်။) (NN-7)

ဓာတ်ပုံ- စစ်ကောင်စီတပ် ဓာတ်ပုံကို အာရ်အက်ဖေမှ ကူးယူဖော်ပြခြင်းဖြစ်ပြီး အသတ်ခံ၇သူ နှစ်ယောက်၏ ပုံမှာ ဒေသခံများက ပေးပို့သည့်ပုံဖြစ်ပါသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.