Preview

ရခိုင်တွင် AA ထိုးစစ်ကိုမခံနိုင်၍ ရာနှင့်ချီရှိအင်အားရှိသော စစ်ကောင်စီတပ်စခန်းများ စခန်းစွန့်ခွာနေ

ဇန်နဝါရီ ၁၄/ ၂၀၂၄ | ကြည့်ရှုသူ :9356
ရခိုင် သတင်း

ရက္ခိုင့်တပ်တော်(AA)၏ထိုးစစ်ကို မခံနိုင်၍ ရာနှင့်ချီ အင်အားရှိသော စစ်ကောင်စီတပ်စခန်းများသည် တစ်ခုပြီးတစ်ခု နောက်တန်း အထိုင်တပ်ရင်းများသို့ ဆုတ်ခွာနေကြသည်ဟု  သတင်းရရှိသည်။

ယနေ့ ဇန်နဝါရီ ၁၄ ရက်နေ့တွင် ရသေ့တောင်မြို့နယ်အတွင်းမှစေတီပြင်နယ်ခြားစောင့်စခန်း၊ ၎င်းကျေးရာအနီးရှိ စေတီပြင်- ကျောက်ပန်းတူ တောင်ကျော်လမ်းစေတီကုန်းမှ စစ်စခန်း၊ ရသေ့တောင်မြို့နယ် မြောက်ဘက် ရေစိုးချောင်းဗျူဟာ အပြင် ရာမောင်တံတားအနီးရှိစစ်တပ်စခန်းများလည်း ရုတ်သိမ်းစွန့်ခွာ သွားကြပြီဟု ဒေသခံများက ပြောကြားသည်။

ထိုအထဲမှ ရေစိုးချောင်းဗျူဟာသည် ရသေ့တောင်မြို့နယ်နှင့်ဘူးသီးတောင်မြို့နယ် အကြား မေယုမြစ် အရှေ့ဘက်ကမ်းခြေတွင် တည်ရှိပြီး စစ်ရေးအရ အရေးပါသောဗျူဟာ တစ်ခုဖြစ်သော်လည်း ယနေ့နံနက်က စခန်းစွန့်ခွာကာ ထီးစွဲရှိ စစ်စခန်းနှင့်ပူးပေါင်းရန်ကြိုးစားနေပြီး  ရသေ့တောင်မြို့ပေါ်ရှိ တပ်ရင်းများက လမ်းကြောင်းရှင်းပေးသည့် အနေဖြင့် လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသည်ဟု ဒေသခံများက ပြောကြားသည်။


၎င်းပြင် ဘူးသီးတောင်မြိုနယ်၊ လက်ဝဲဒက်ကျေးရွာ၏အနောက်တောင်ဖက်(၁ ဒသမ၂) ကီလိုမီတာခန့်အကွာအဝေးတွင်ရှိသည့် (၃၇၈)အမြောက် တပ်ရင်းထဲမှ တင့်ကား ၅စီးကို ယမန်နေ့ကစကခ (၁၅) စစ်ဗျူဟာကွပ်ကဲမှုဌာနချုပ်သို့ ပြောင်းရွှေ့ ယူဆောင်သွားသည်ဟု သတင်းရရှိသည်။ 

ထိုသို့ပြောင်းရွှေ့သွားသည်မှာ စစ်ရေးတင်းမာနေ၍ စကခ (၁၅)အား အင်အားဖြည့်တင်းခြင်းလား (သို့မဟုတ်)  ရက္ခိုင့်တပ်တော်ကအဆိုပါ (၃၇၈) တပ်ရင်းကို ဝင်တိုက်ပြီး သိမ်းယူသွားမည်ကို စိုးရိမ်၍ ပြောင်းရွှေ့သွားခြင်းလားဆိုသည်ကိုမသိရှိဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းပြင် ဇန်ဝါရီ ၁၂ ရက်နေ့က မြောက်ဦးမြို့နယ် မြောက်ဘက်လင်းမြွေတောင်စခန်းမှလည်းအင်အား ၁၀၀ ခန့်သည် စခန်းစွန့်ခွာပြီး ကျောက်တော် စကခ (၉) သို့ သွားရောက်ပူးပေါင်းစဉ်ရက္ခိုင့်တပ်တော်က ကြားဖြတ်တိုက်ခိုက်၍ အကျအဆုံးများစွာဖြင့် တပ်ပျက်သွားခဲ့သည်ဟု သိ၇သည်။ 

နောက်ထပ် အင်အား ရာနှင့်ချီရှိသော မြောက်ဦးမြို့မြောက်ဘက်သင်းကျစ်တော်တောင် စေတီကုန်းစခန်း၊ မင်းပြားမြို့နယ်မှ တောင်ဖြူတောင် တပ်စခန်း၊ ပန်းမြောင်းအောင်မင်္ဂလာဘုရားတောင် တပ်စခန်းများသည်လည်း များမကြာမီက စခန်းများကို ဆုတ်ခွာသွားခဲ့ကြသည်။


ဒေသခံ ရခိုင်စစ်ရေးလေ့လာနေသူ တစ်ဦးက “ဒီလောက်အခိုင်အခန့်တည်ဆောက်ထားတဲ့တရွန်အိုင်ဗျူဟာ၊ တောင်ရှည်တောင် ဗျူဟာတွေတောင် မခံနိုင်ဘူး။ သာမာန် စစ်စခန်းတွေက အေအကောက်စားပစ်ဖို့မလောက်ဘူး” ဟု ပြောကြားသည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော်သည် စစ်ကောင်စီ၏ အခိုင်အခန့်ဆုံးနှင့်အင်အားအတောင့်တင်းဆုံး စခန်းများဖြစ်ကြသည့် တရွန်အိုင်ဗျူ၊ နှုံးဗူးဗျူဟာ၊ ခဝဲဗျူဟာ၊တောင်ရှည်တောင်ဗျူဟာ၊ မီး၀ဗျူဟာ၊ ခန်ခတောင်ဗျူဟာစခန်းကို သိမ်းပိုက်ခဲ့ပြီးသာမာန် စခန်းငယ်အများအပြားမှာလည်း အေအေလက်ထဲသို့ကျရောက်သွားပြီဟု သိ၇သည်။

ပလက်၀တွင်လည်း ခလ၇ (၂၈၉) တပ်ရင်းအပါအဝင် အနီးအနားရှိ စခန်းများကိုအေအေက သိမ်းပိုက်လိုက်ပြီဖြစ်ကာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသည်ဟု သိ၇သည်။

လက်ရှိတွင် မင်းပြားမြို့ရှိ ခမ၇ ၃၈၀ (စခန်းကျပြီ) ၊ ၅၄၁၊၃၇၉ နှင့် ကျောက်တော်မြို့နယ် တောင်ဘက် ရန်ကုန်-စစ်တွေကားလမ်းပေါ်ရှိ ကန်စောက်အခြေစိုက်၅၃၉ တပ်ရင်းနှင့် ၃ရရ အမြောက်တပ်ရင်း၊ မြောက်ဦးမြို့ပေါ်ရှိ ၅၄၀ အပါအဝင် တပ်ရင်းများကိုဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီက လေတပ်လေယာဉ်များနှင့် ရေတပ်စစ်ရေယာဉ်များကိုပါအကုန်သုံးပြုကာ အပြင်းအထန် ခုခံတိုက်ခိုက်နေသည်ဟု ဒေသခံများက ပြောသည်။

၎င်းပြင် ရမ်းဗြဲမြို့၊ ပေါက်တောမြို့နှင့် အမ်းနှင့် မြေပုံမြို့နယ်အစပ်နေရာများတွင်လည်း တိုက်ပွဲများ နေ့တိုင်းလိုလို ဖြစ်ပွားနေသည်ဟု ညီနောင်သုံးဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

 

#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.