ရခိုင်ပြည်မြို့တော် စစ်တွေတွင်မြို့အဝင် တပ်ထိန်းဂိတ်အပါအဝင် မြို့ပြင်နေရာများမှ သေနတ်ပစ်ခတ်သံများ အဆက်မပြတ်ကြားနေ၇ကြောင်း မြို့ခံများက ပြောသည်။
ယနေ့ ဇန်နဝါရီလ ၁၄ ရက် ည ၉ နာရီကျော်မှစတင်ကာ စစ်တွေမြို့အဝင် တပ်ထိန်းဂိတ်၊ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျေးတောပိုက်ဆိပ် စာသင်ကျောင်းတွ
"ရွှေမင်းဂံ နဲ့ ကျေးတောပိုက်ဆိပ်ဘက် ကတော့ ၉ နာရီ ၁၀ မိနစ်လောက်ကနေ စပြီး အဆက်မပြတ်ပစ်သံတွေကြားနေရတာပါ။ ပစ်သံက နှစ်ဘက်ပစ်သံမျိုးတော့ မဟုတ်ဘူး။တစ်ဘက်တည်းက ပစ်နေတာထင်ပါတယ်။ ကြောက်ပြီး ရမ်းပစ်နေတာ ထင်မြင်မိပါတယ်"ဟု အမည်မဖော်လိုသူတစ်ဦးက ပြောသည်။
ယင်းအပြင် စစ်တွေမြို့အဝင်တပ်ထိန်းဂိတ်မှ ပစ်ခတ်သည့် စက်သေနတ်နှင့် လက်နက်ကြီးသံများကို ည၉ နာရီ မိနစ် ၄၀ ခန့်မှစတင်ကာည ၁၁ နာရီခန့် အထိ အဆက်မပြတ်ကြားနေ၇ကြောင်း နောက်ထပ် မြို့ခံတစ်ဦးက ပြောသည်။
"စက်သေနတ်နဲ့ ဆက်တိုက်ပစ်တာပါ။ ဘာကြောင့် ပစ်နေလဲတော့ မသိပါဘူး။ စက်သေနတ်သံကတော့ တပ်ထိန်းဂိတ်ဘက်က လာတာ သေချာပါတယ်။ လက်နက်ကြီးသံကတော့ ခန့်မှန်း၇ခက်တယ်"ဟု ဆိုသည်။
ယခုပစ်ခတ်မှုမှာ နှစ်ဘက်ပစ်ခတ်သံထက် စစ်ကောင်စီတပ်က တစ်ဘက်သတ် ပစ်ခတ်မှု ပိုဖြစ်နိုင်
စစ်ကောင်စီသည် ရခိုင်ပြည်မှ မင်းပြား၊ မြောက်ဦး၊ မောင်တော၊ ၇သေ့တောင်၊ ဘူးသီးတောင် ကျောက်တော်နှင့် ပလက်၀ စသည့်မြို့နယ်များတွင် တပ်စခန်းကျရှုံးမှု၊ စခန်းစွန့်ခွာရမှု အများအပြားရှိနေသဖြင့် စစ်တွေမြို့ အပါအဝင် မြို့နယ်အများအပြားတွင် လက်နက်ကြီးများဖြင့် လူနေကျေးရွာများကို နေ့စဉ် ပစ်ခတ်မှု လုပ်ဆောင်လျက်ရှိကြောင်း သိ၇သည်။ (NN-7)