တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်ကောင်စီတပ်သားများ မသေ၊မနာချင်ရင် အလံဖြူထောင်ရန် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော


  • ရေးသူ: Web Master (NN 09)
  • | ရက်စွဲ: ၁၅ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.3k

စစ်ကာင်စီတပ်သားများကိုရည်ရွယ်ပြီး ရက္ခိုင့်တပ်တာ် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မသေ၊မနာချင်ရင် စောစောစီးစီး အလံဖြူထောင်ရန် သူ၏တွစ်တာမှ တစ်ဆင့်ရေးသားတိုက်တွန်းလိုက်သည်။

"မသေ မနာချင်ရင်  စောစောစီးစီးအလံဖြူထောင်၊ ထွက်ပြေးချင်တယ် လမ်းဖွင့်ပေးပါ ဘာညာခွင့်တောင်းပေါ့ " ဟု ရေးသားထားသည်

ခေါင်းပေါ်သေနတ်တေ့ထားပြီးမှ လမ်းဖွင့်ပေးပါဟု မလုပ်ရန်နှင့် ထိုသို့လုပ်လျှင် အရှင်ဖမ်းမိကြောင်း သတ်မှတ်မည်ဖြစ်ကြောင်း ဆက်လက်ရေးသားထားသည်။ 


“ ခြံစည်းရိုး၃ထပ်လုံးပေါက် ကတုပ်ကျင်းထဲမှာ ဂေါင်းပေါ်-ပြောင်းတည့်ထားပြီးမှ လမ်းဖွင့်ပေးပါတော့မလုပ်နဲ့ အာ့ဒါကို အရှင်ဖမ်းမိတာလို့သတ်မှတ်တယ်" ဟု ရေးသားထားသည်။

လက်ရှိရခိုင်တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို စခန်းစွန့်ခွာမည်ဆိုပါက  ရက္ခိုင့်တပ်တော်က လမ်းကြောင်းဖွင့်ပေးမှုများရှိသလို လက်နက်ချ အညံ့ခံသူများကိုလည်း လှိုက်လဲနွေးထွေးစွာကြိုဆိုပြီး မိသားစုနှင့် ပြန်လည် ဆုံစည်းခွင့်ရအောင်စီစဉ်ပေးနေကြောင်း သိရသည်။

တချို့ စစ်ကောင်စီတပ်သားများမှာ ပြတ်ပြတ်သာသား ဆုံးဖြတ်ချက်မချရဲဘဲ ရက္ခိုင့်တပ်တော်ကို ခုခံတိုက်ရာမှ သေဆုံးမှု ဖမ်းဆီးခံရမှုများစွာ ရှိနေသည်ဟု ရက္ခိုင့်တပ်တော်၏ သတင်းရင်းမြစ်များက တစ်ဆင့် သိရှိရသည်။(NN -9)


ဆက်စပ် သတင်းများ