Preview

၇သေ့တောင်မြို့နယ် မညှင်းတောင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၀ ကျော် AA ထံလက်နက်ချ

ဇန်နဝါရီ ၁၅/ ၂၀၂၄ | ကြည့်ရှုသူ :3582
ရခိုင် သတင်း

ရသေ့တောင်မြို့နယ်မြောက်ပိုင်းမညှင်းတောင်တွင် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၄ ဦးရက္ခိုင့်တပ်တော်( AA) ထံ လက်နက်ချသွားကြောင်း သတင်းရရှိသည်။ 

ယနေ့နံနက် ရ နာရီက ရက္ခိုင့်တပ် တော်(AA)နှင့် စစ်ကောင်စီတပ်တို့သည် မညင်းတောင်တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နံနက် ၁၁နာရီခန့်တွင် စစ်ကောင်စီ တပ်သား ၁၂၄ ဦးသည် ရက္ခိုင့်တပ်တော်ထံ လက်နက်ချသွားခဲ့သည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ခုကနိရဥ္စရာသတင်းဌာနကိုပြောသည်။

“ မညှင်းတောင်မှာရှိတဲ့ စစ်သားတွေကို အေအေက ဝင်တိုက်ခိုက် တဲ့ချိန်မှာ သူတို့က ပိတ်မိသွားတာ။ အဲဒီမှာ လက်နက်ချတယ်လို့ သိ၇တယ်” ဟုပြောသည်။

စုစုပေါင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀၀ကျော်တွင် ၁၂၄ ဦးက အေအေထံ လက်နက်ချပြီး  ကျန် ၇၀ ကျော်ခန့်မှာ ဇက်ရေယာဉ်ကို စောင့်နေစဉ် ပြိန်းတော ကျေးရွာအနီးမှ ချောင်း၀တွင် ပိတ်မိနေသည်ဟု ဒေသခံတစ်ဦးက နိရဉ္စရာကိုပြောသည်။

" သူတို့ကဇက်ရေယာဉ်တွေ လာခေါ်လို့သွားဖို့ပြင်နေတာ။ ပြိန်းတောနားကချောင်း၀နားမှာ ပိတ်မိနေတယ်။လေယာဉ်တွေလည်းဝဲနေတယ်၊ ဇက်ရေယာဉ်တွေလည်း ဆက်တက်လာတယ်"ဟုပြောသည်။

လက်ရှိ သတင်းရင်းမြစ်တစ်ခုက ရေစိုးချောင်းဗျူဟာမှူးလည်းဖမ်းဆီးခံရသည်ဟု သတင်းထွက်နေကြောင်း ပြောကြားသော်လည်း နိရဉ္စရာသတင်းဌာနအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

ယင်းအပြင် နေ့လယ် ၁နာရီခွဲခန့်က ၇သေ့တောင်မြို့ မေယုမြစ်၀ဘက်မှ ၎င်းစစ်သားများကို ယူဆောင်ရန်လာသည့် မေယုမြစ်အတိုင်း  တက်လာသော ဇက်ရေယာဉ်များသည် ကျေးရွာများသို့လက်နက်ကြီး လက်နက်ငယ်များဖြင့်  အဆက်မပြတ် ပစ်ခတ်သည်ဟု မညှင်းတောင်ကျေးရွာသား တစ်ဦးကနိရဉ္စရာ ကိုပြောသည်။

" ပထမနှစ်စီး တက်လာတယ်။ ခဏကြာတော့နောက် နှစ်စီးရောက်လာတယ်။ ခုလက်နက်တွေဆက်တိုက်ပစ်နေတာ။ ရွာတွေနားကိုလက်နက်ကျလို့ ပုန်းနေ၇တယ်" ဟုပြောသည်။

ယနေ့ဇန်နဝါရီ ၁၅ရက် နံနက်ပိုင်းကလည်း ရသေ့တောင်မြို့နယ် မြောက်ပိုင်းမညှင်းတောင်တွင် လာစုနေသည့် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်နှင့်မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူများမှာဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင် နေကြရသည်ဟု သတင်းရရှိသည်။ (NN-11) 

 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.