Preview

ရသေ့တောင်မြို့ပေါ် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့်တိုက်ခိုက်

ဇန်နဝါရီ ၁၆/ ၂၀၂၄ | ကြည့်ရှုသူ :7467
ရခိုင် သတင်း

ရခိုင်ပြည်၊ ရသေ့တောင်မြို့ပေါ်တွင် ရက္ခိုင့်တပ်တော်(AA) နှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားနေပြီး ပြင်းထန်နေကြောင်း သတင်းရရှိသည်။

ရသေ့တောင်မြို့တွင် ယနေ့ ဇန်နဝါရီ ၁၆ ရက်နေ့ ည ၈နာရီခန့်ကနေမြို့ပေါ်တပ်ရင်းများဖြစ်သည့် စစ် ကောင်စီ၏ ခမ၇ (၅၃၇) နှင့် (၅၃၈)  တပ်ရင်းများကို  ရက္ခိုင့်တပ်တော်(AA)က စစ်ဆင်တိုက်ခိုက်ရာမှ တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု ရသေ့တောင်မြို့ခံတစ်ဦးက နိရဉ္စရာကိုပြောသည်။

" အခုရှင်တစ်ထောင်ဘုရားနဲ့နီးတဲ့ မြို့ပေါ်က တပ်ရင်း  ၅၃၇နဲ့  ၅၃၈ နားမှာ တိုက်ပွဲတော်တော် ပြင်းထန်နေတယ်။ လက်နက်ကြီးလက်နက်ငယ် ပစ်တယ်။ လေယာဉ်တွေနဲ့ပစ်နေတယ်။ခုည ၈ နာရီခွဲထိ ပစ်တုန်း" ဟုပြောသည်။

စစ်ကောင်စီဖက်မှ ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲသလို လက်နက်ကြီး လက်နက်ငယ် များဖြင့်လည်း ဆက်တိုက် ပစ်ခတ်နေသည်ဟု ရသေ့တောင်မြို့ခံတစ်ဦးက နိရဉ္စရာကို ပြောသည်။

" သူတို့ဘက်က ဂျက်ဖိုက်တာတွေနဲ့ လာပစ်တယ်။ အဲ့ဒီဂျက်ကိုကိုယ့်ဖက်ကပစ်လိုက်တာ ထိမထိတော့ မသိ၇သေးဘူး။ ပွဲကတော့ ခု ၈နာရီခွဲထိ မပြီးသေးဘူး" ဟုပြောသည်။

ယင်းအပြင် ယနေ့ ဇန်နဝါရီ ၁၆ ရက် ည ရ နာရီခန့်ကလည်း ဂျက်လေယာဉ် ၂စီးဖြင့်တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ မေယုမြစ် တစ်ဘက်တစ်ချက်ရှိရေစိုးချောင်း၊ ထီးစွဲ၊ ပြင်ဝန်း၊ ကံပြင်နှင့် မညှင်းတောင်ကျေးရွာ အနီးဝန်းကျင်စစ်ကောင်စီတပ်က ဗုံးလာကြဲခဲ့သည်ဟုမညှင်းတောင် ဒေသခံတစ်ဦးကနိရဉ္စရာကိုပြောသည်။

" ညနေ ခုနှစ်နာရီကလည်းဂျက်လေယာဉ် နှစ်စီးနဲ့ ဗုံးလာကြဲတယ်။ ဆက်တိုက်ပစ်နေတယ်။သူတို့က ရက္ခိုင့်တပ်တော်ဖမ်းတဲ့ အထဲမှာ ဗျူဟာမှူးတွေလည်း ပါတယ်ဆိုတော့ ဂျက်ဖိုက်တာနဲ့ လာပစ်တာနေတာ "ဟုပြောသည်။

ယင်းအပြင်ပြိန်းတောကျေးရွာနားတွင် ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်သား အများအပြားလည်းရက္ခိုင့်တပ်တော်က ထပ်မံ ဖမ်းမိထားကြောင်း သတင်းများထွက်ပေါ်နေသည်ဟု ၎င်းက ပြောကြားသည်။

ရသေ့တောင်မြို့နယ်တွင် စစ်တပ်စခန်းအများအပြားရှိရာမှ နောက်ဆုံး လက်ကျန်စခန်း ၂ခုဖြစ်သည့် ထီးစွဲဗျူဟာနှင့် ဆောက်ခတ်စစ်စခန်းများသည်လည်း ဇန်နဝါရီ ၁၅ရက် ညနေက တပ်ရုတ် သိမ်းစွန့်ခွာသွားကြပြီး ရသေ့တောင် တပ်ရင်းများတွင် တပ်ပေါင်းကြသည်ဟု သိ၇သည်။

စေတီပြင်နယ်ခြားစောင့်စခန်းနှင့် စေတီတောင်  ကုန်းပေါ်မှ စခန်း၊  စေတီပြင်-ကျောက်ပန်းတူတောင်ကျော်လမ်းရှိ သင်္ကန်းတောင်စခန်းတို့သည် ဇန်နဝါရီ ၁၄ ရက်နေ့နံနက်ကလည်းကောင်း၊ ရေစိုးချောင်းဗျူဟာ၊ အမျက်တောင်စခန်း၊ မညှင်းတောင် စစ်စခန်း၊ဆောက်ခတ်နှင့် ထီးစွဲဗျူဟာများသည် ဇန်နဝါရီ ၁၅ ရက်နေ့ကလည်းကောင်းအသီးသီးစခန်းကို စွန့်ခွာကာ တပ်ဆုတ်သွားကြသည်ဟု သိရသည်။

လက်ရှိ ရသေ့တောင်မြို့ပေါ်တွင်ခမ၇ (၅၃၆)၊(၅၃၇)နှင့် (၅၃၈)  တပ်ရင်း (၃) ရင်းသာကျန်ရှိပြီးယနေ့ ဇန်နဝါရီ၁၆ရက်နေ့ည၈နာရီတွင် ခမ၇ (၅၃၇) နှင့် (၅၃ရ) တပ်ရင်းများကိုထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်ကြောင်းသိ၇သည်။(NN-11) 

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.