ရခိုင်ပြည်၊စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကျောင်းဆရာတစ်ဦးအပါအဝင် ရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ
ယနေ့ ဇန်နဝါရီလ ၁၆ ရက် ည ရ နာရီခန့်တွင် ကံ့ကော်ကျွန်း နှင့် ဇော်မတတ်ကျေးရွာအကြား တပ်စွဲနေသည့်စစ်ကောင်စီတပ်က ပစ်ခတ်သည့်လက်နက်ကြီးကျည်သည် ဝါဘိုကျေးရွာသို့ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဝါဘိုရွာမှ အမျိုးသမီးကြီး တစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။
"ရွာမှာ မပြေးဘဲကျန်ခဲ့တဲ့လူငယ်တွေစကားထိုင်ပြောနေချိန် လက်နက်ကြီး လာကျတာပါ။ နှစ်ယောက် ဒဏ်ရာရတယ်။ ကျောင်းဆရာလေးတစ်ယောက်ကတော့ပေါင်ပိုင်းရမယ် ပြောပါတယ်"ဟုပြောသည်။
ဒဏ်ရာရရှိသူများမှာ ကိုကျော်မိုးထွန်းနှင့် ကျောင်းဆရာကိုစောဝင်းမောင် ဖြစ်
" အခုလိုအချိန်မှာ ဆေးရုံဆေးခန်းလည်း သွားလို့မရဘူး။ရွာမှာလည်း လူနည်းနည်းပဲကျန်ခဲ့တာ။ အကုန်ပြေးနေကြရတာဆိုတော့သူတို့ အခြေအနေကိုလည်းစိုးရိမ်မိပါတယ်"ဟု သူမက ဆက်ပြောသည်။
ရခိုင်တွင်စစ်ပွဲအရှုံးများဖြင့် ဆက်တိုင် ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် ရခိုင် အရပ်သားပြည်သူများအားရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်မှု၊လေကြောင်းမှ ဗုံးကြဲမှုများကို ဆက်တိုက် လုပ်ဆောင်နေသည့်အတွက် နေ့စဉ်အရပ်သား ထိခိုက် သေဆုံးမှုများ ရှိနေကြော
(ဓာတ်ပုံ- ပေးပို့)