Preview

၇ခိုင်တိုက်ပွဲ (၃) လအတွင်း စစ်ကောင်စီ၏ ပစ်ခတ်မှုများကြောင့် အရပ်သား ၈၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၆၀ ဦးရှိ

ဇန်နဝါရီ ၁၉/ ၂၀၂၄ | ကြည့်ရှုသူ :3554
ရခိုင် သတင်း

၇ခိုင်တိုက်ပွဲစတင်သည့်နိုဝင်ဘာလ ၁၃ ရက်မှ ယခုဇန်နဝါရီ ၁၃ရက်နေ့ အထိ (၃) လကာလအတွင်း  စစ်ကောင်စီ၏လေယာဉ်၊ လက်နက် ကြီးငယ်များဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ရသည့် ရခိုင်အရပ်သား (၈၁)ဦးရှိပြီး ထိခိုက်ဒဏ်ရာ၇သူ (၂၆၀)ဦး ရှိသည်ဟု  ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် (ULA) ၏လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး HDCO ကယနေ့ ဇန်နဝါရီ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် သေဆုံးသူ ၂၈ ဦး ဒဏ်ရာ၇သူ ၁၀၃ဦး၊ ဒီဇင်ဘာလတွင် သေဆုံးသူ ၂၇ ဦး ဒဏ်ရာ၇သူ ၆၆ ဦးနှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် သေဆုံးသူ၂၆ ဦး ဒဏ်ရာ၇သူ ၉၁ ဦးရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအထဲတွင်လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် သေဆုံးသူမှုမှာ အများဆုံးဖြစ်ပြီးသေဆုံးသူ အရပ်သား(၅၀) ဦးနှင့် ဒဏ်ရာရရှိသူ အရပ်သားမှာ (၁၇၁) ဦးထိ ရှိခဲ့သည်။

စစ်ကောင်စီတပ်၏ လက်နက်ငယ်ဖြင့်ပစ်ခတ်၍  သေဆုံးမှုမှာ ဒုတိယ အများဆုံးဖြစ်ပြီး သေဆုံးသူ အရပ်သား (၁၈) ဦးနှင့် ဒဏ်ရာရသူ အရပ်သား (၁၉)ဦးရှိသည်။

လေယာဉ်မှ ပစ်ခတ်မှုကြောင့် သေဆုံးသူ (၂)ဦးနှင့် ဒဏ်ရာ၇သူ (၂၉)ဦး၊ ဒရုန်းဖြင့်ပစ်ခတ်၍သေဆုံးသူ (ရ) ဦးနှင့်ဒဏ်ရာရရှိသူ (၂၄)ဦး၊မိုင်းပေါက်ကွဲခြင်းကြောင့်သေဆုံးသူ(၁)ဦးနှင့်ဒဏ်ရာ၇သူ (၁၀) ဦး ရှိသည်။

၎င်းပြင် ရေတပ် နေဗီမှ ပစ်ခတ်ခြင်းကြောင့် သေဆုံးသူ (၃)ဦးနှင့် ဒဏ်ရာ၇သူ(၄)ဦး၊ စစ်ကျန်လက်နက် ပေါက်ကွဲခြင်းကြောင့်ဒဏ်ရာ၇သူ(၂)ဦး၊တစ်ခြားပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူ၁ ဦးဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သေဆုံးမှုစာရင်းကို မြို့နယ် အလိုက်ထုတ်ပြန်ရာတွင်မြောက်ဦးမြို့နယ်တွင် အရပ်သား သေဆုံးမှု အများဆုံးဖြစ်ပြီး သေဆုံးသူ  (၂၅) ဦးအထိ ရှိပြီး ဒဏ်ရာ၇သူ(၄၀)ဦးရိသသည်။

ဒုတိယသေဆုံးမှု အများဆုံးမှာ မင်းပြားမြို့နယ်ဖြစ်ပြီး သေဆုံးသူ (၁၄) ဦးနှင့်ဒဏ်ရာ၇သူ (၆၁)ဦးရှိသည်။ တတိယ သေဆုံးမှုအများဆုံးမှာ ပေါက်တောမြို့နယ်ဖြစ်ပြီး သေဆုံးသူအရပ်သား(၁၁) ဦးနှင့် ဒဏ်ရာ ၇သူ(၂၃)ဦးရှိသည်။

စတုတ္ထသေဆုံးမှု အများဆုံးမှာကျောက်တော် နှင့် ဘူးသီးတောင်မြို့နယ်တို့ဖြစ်ကြသည်။ ကျောက်တော် မြို့နယ်တွင်သေဆုံးသူ(၁၀)ဦးနှင့်ဒဏ်ရရာသူ (၃၄)ဦးနှင့် ဘူးသီးတောင်မြို့နယ် တွင် သေဆုံးသူ(၁၀)ဦးနှင့် ဒဏ်ရာ ၇သူ (၂၁)  ဦးရှိသည်။

တစ်ခြားသေဆုံးမှုများမှာ မောင်တောမြို့နယ် တွင်သေဆုံးသူ(၁)ဦးနှင့် ဒဏ်ရာ၇(၁ရ)ဦး၊ ၇သေ့တောင်တွင် သေဆုံးသူ(၂)ဦးနှင့် ဒဏ်ရာ၇သူ(၁၀)ဦး၊ စစ်တွေတွင်သေဆုံးသူ(၂) ဦးနှင့် ဒဏ်ရာ၇သူ (၁၅)ဦး၊ ပုဏ္ဏားကျွန်းတွင် ဒဏ်ရာ၇သူ(၂)ဦး၊ ပလက်၀တွင် သေဆုံးသူ (၂)ဦးနှင့် ဒဏ်ရာ၇သူ(၁၉)ဦး၊  မြေပုံတွင် သေဆုံးသူ(၁)ဦး နှင့် ဒဏ်ရာ၇သူ(၆)ဦး၊ အမ်းတွင် သေဆုံးသူ(၂)ဦး နှင့် ဒဏ်ရာရသူ(ရ)ဦး၊ ရမ်းဗြဲတွင် သေဆုံးသူ(၁)ဦးနှင့် ဒဏ်ရာ ၇သူ(၂)ဦးတို့ ဖြစ်ကြောင်း သိ၇သည်။

ယခုစာရင်းသည်  နိုဝင်ဘာ ၁၃ရက်မှ ဇန်နဝါရီ ၁၃ရက်အထိ ဖြစ်ကြောင်း သိ၇သည်။

ရခိုင်မှမြို့သိမ်းတိုက်ပွဲများနှင့် စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီသည်ရက္ခိုင့်တပ်တော် ကို တုံ့ပြန် တိုက်ခိုက်မှုထက် အရပ်သား ပြည်သူများ နေထိုင်ရာ ရပ်ကွက်နှင့်ကျေးရွာများသို့ အဓိက ဦးတည်တိုက်ခိုက်လျက်ရှိသည်။

ယင်းသို့ ပြည်သူကို ဗဟိုပြုတိုက်ခိုက်ရာတွင်မြို့ပေါ်မှ လူနေရပ်ကွက်များနှင့် ကျေးရွာများပါမကျန်ကြည်း၊ရေ၊လေဖြင့် ဘက်ပေါင်းစုံ တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်းသိရသည်။မြောက်ဦး၊မင်းပြား၊ပုဏ္ဏားကျွန်း၊ပေါက်တော၊ရမ်းဗြဲမြို့များကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေ၍ ပြည်သူ အများအပြားသေဆုံးမှုရှိခဲ့သလို လက်ရှိတွင် မြို့လုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေကြရဆဲ ဖြစ်ကြောင်းသိ၇သည်။(NN 11 and NN 23)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.