ရခိုင်တွင် ဆက်သွယ်ရေးလိုင်းများအား စစ်ကောင်စီဖြတ်တောက်မှုအပေါ် စိုးရိမ်ကြောင်း ညီနောင်သုံးဖွဲ့၏ ဇန်နဝါရီ၁၈ ရက် သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိအချိန်တွင်စစ်ကောင်စီသည် ရက္ခိုင်ဒေသတွင်းရှိ မြို့နယ်အချို့၌ ဆက်သွယ်ရေးလိုင်းများအား ရည်ရွယ်ချက်ရှိရှိဖြတ်တောက်ထားသောကြောင့် မိမိတို့အနေဖြင့် များစွာစိုးရိမ်လျက်ရှိသည်ဟု ဆိုသည်။
ယခုကဲ့သို့ စိုးရိမ်မှုဖြစ်ရခြင်းမှာ စစ်ကောင်စီသည် ဤကဲ့သို့ဆက်သွယ်ရေးအင်တာနက်လိုင်းများဖြတ်တောက်ထားသည့်အချိန်တိုင်း၌ မိမိတို့၏ပြည်သူလူထုအပေါ်စစ်ရာဇဝတ်မှုများကို ပိုမိုကျူးလွန်တတ်သောအထောက်အထားများကို ယခင်ကလည်းတွေ့ကြုံခဲ့ဖူး၍ပင် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ရခိုင်တွင် မိုင်တယ် Mytel မှအပ ကျန် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ အားလုံးပြတ်တောက်သွားပြီဟု သိ၇သည်။
စစ်တွေတွင် လွန်ခဲ့သည့် ဇန်နဝါရီ ၁၆ ရက်နေ့ကတည်းက MPT လိုင်းကျသွားပြီး ယနေ့တွင် လုံး၀ ပြတ်တောက်သွားခဲ့သည်ဟုသိ၇သည်။
စစ်တွေဒေသခံတစ်ဦးက Mytelက လွဲပြီး ကျန် Operators လိုင်းများမ၇တော့ဟု ဆိုသည်။
ယခုကဲ့သို့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများဖြတ်တောက်ထားခြင်းနှင့်ပတ်သက်ပြီး စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါ။