အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

အမ်းအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် စစ်တွေက စစ်ကောင်စီမိသားစုများကို နေပြည်တော်သို့ ရွှေ့ပြောင်း


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၀ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 9.9k

အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာချုပ်မှ စစ်ကောင်စီမိသားစုများနှင့် စစ်တွေရှိ စစ်ကောင်စီမိသားစုများကို နေပြည်တော်သို့ လေယာဉ်များဖြင့် ရွှေ့ပြောင်းသွားပြီဟု သတင်းရရှိသည်။

အမ်းမြို့ဒေသခံတစ်ဦးကအမ်း တိုင်းကနေ ပြောင်းရွှေ့တာကတော့ ဒီလ ၁၇ နဲ့ ၁၈ ရက်နေ့ဖြစ်ပါတယ်။ သူတို့ကို အမ်းကနေ နေပြည်တော်ကို ယူဆောင်သွားတယ်လို့ကြားရပါတယ်ဟု ပြောသည်။

ထိုသို့ ပြောင်းရွှေ့သွားသော်လည်း မိသားစု အရေအတွက်ကို အတိအကျ မသိရဟု ၎င်းက ပြောဆိုသည်။

လက်ရှိ ရရှိသော စစ်ရေးဆိုင်ရာ သတင်းများအရ အမ်းမြို့နယ် ယောချောင်းတွင် တပ်စွဲထားသော စစ်စခန်းများလည်း ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်၍ စခန်းစွန့်ခွာသွားခဲ့ကြကာ လက်ရှိ ကဇုကိုင်းတွင်သာ တပ်အင်အားကိုဖြည့်တင်းထားသည်ဟု သိရသည်။

 ဒီအမ်းဆိုတာက တောတောင်တွေများတယ်။ တိုင်းဌာနချုပ်ကလည်း တောတောင်တွေ ကြားမှာဆိုတော့ အေအေအတွက် တစ်ခြားမြို့တွေကို တိုက်ရတာထက် လွယ်မယ်ဆိုပြီး ပြောနေကြတယ်။ ဒီမှာတော့ လူထုတွေအကြား အနည်းနဲ့ အများ စိတ်လှုပ်ရှားမှုတွေရှိနေကြတယ်ဟု ပြောသည်။

အမ်းရှိ စစ်တပ်တပ်ရင်းများနှင့် နီးကပ်စွာတည်ရှိနေသည့် ရပ်ကွက် ကျေးရွာများမှာ လူတချို့ ပြောင်းရွှေ့မှုရှိသလို တပ်တောင်မြို့အပါအဝင် ရဲစခန်းတချို့ကိုလည်း ရုပ်သိမ်းသွားသည်မှာ ကြာပြီဟု သိရသည်။

ရခိုင်ပြည်မြို့တော် စစ်တွေတွင်လည်း စစ်ကောင်စီမိသားစုများကို ဇန်နဝါရီ ၁၈၊ ၁၉ ရက်များက ပြောင်းရွှေ့နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ပြည်နယ်စစ်ကောင်စီနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ရခိုင်မှာ တည်ငြိမ်နေတုန်းကတော့ စကစ မိသားစုတွေက စစ်တွေမှာ မိသားစုတွေနဲ့ ပျော်ပါးနေကြတာလေ။ ခုတိုက်ပွဲလည်း စဖြစ်တာနဲ့ ဇနီးရော၊ သားသမီးတွေကိုပါ ကျောင်းကထုတ်ပြီး ရန်ကုန်တို့၊ နေပြည်တော်တို့ဘက်ကို ပို့လိုက်ကြတယ်။ စကစ ခေါင်းဆောင်ပိုင်းတွေက ခုစစ်တွေမှာ မနေချင်လည်း အသက်ကိုဖက်နဲ့ထုပ်ပြီး နေနေကြရတဲ့ သဘောပေါ့ ဟု နိရဉ္စရာသတင်းဌာနကို ပြောဆိုသည်။


ဆက်စပ် သတင်းများ