(ကျောက်တော်စကခ(၉) ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးညီညီဝင်း ဆေးကုသနေသည့်ပုံလည်းပါဝင်)
နိရဉ္စရာ၊ဇန်နဝါရီ၂၁/၂၀၂၄
ရက္ခိုင်ပြည်၊ကျောက်တော်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်၏ အမှတ် (၃ရရ) အမြောက်တပ်ရင်းအား ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့တွင်လည်းကောင်း၊ ခမ၇ (၅၃၉) တပ်ရင်းအား ၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ (၁၆) ရက်နေ့တွင်လည်းကောင်း ရက္ခိုင့်တပ်တော်မှအပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင် ပစ္စည်းအများအပြား သိမ်းဆည်းရရှိခဲ့ကာ ယင်းအထဲမှ ဓာတ်ပုံအချို့ကို ယနေ့ထုတ်ဖော်ပြသည်။
၎င်းပြင်ဖမ်းဆီး၇မိသည့် ကျောက်တော် စကခ(၉)၊ နည်ဗျုဟာ (၃) မှ ဗျူဟာမှူးဒုတိယဗိုလ်မှူးကြီး ညီညီဝင်းဆေးကုသနေသည့်ပုံလည်း ယင်းပြသသည့်အထဲတွင် ပါဝင်သည်။
(သတင်းဓါတ်ပုံအချို့)