Preview

၇ခိုင် မြို့နယ် ၆ ခုတွင် တိုက်ပွဲများဆက်လက်ပြင်းထန်

ဇန်နဝါရီ ၂၂/ ၂၀၂၄ | ကြည့်ရှုသူ :7764
ရခိုင် သတင်း

(စစ်ကောင်စီက Y-12 လေယာဉ်ဖြင့်ဗုံးကြဲ၍ မင်းပြားပြည်တော်လှရပ်ကွက် လူနေအချို့မီးလောင်)

ရက္ခိုင့်တပ်တော်( AA )နှင့်အကြမ်းဖက်စစ်ကောင်စီတပ်တို့အကြား ၇ခိုင်ပြည်မှ မြို့နယ် ၆ ခုတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်စွာဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။

တိုက်ပွဲအပြင်းအထန်ဖြစ်နေသည့် ၇ခိုင်မှ မြို့နယ် (၆) ခုမှာ ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊မြောက်ဦး၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့နယ်များ ဖြစ်ကြသည်ဟု ညီနောင်မဟာမိတ်(၃) ဖွဲ့၏ ဇန်နဝါရီ ၂၁ ရက် - ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲ (၈ရ) ရက်နေ့မြောက်ထုတ်ပြန်ချက်အရ သိ၇သည်။

“ ဇန်နဝါရီ ၂၁ ရက်မှာ လည်း ရက္ခိုင်ပြည်က  ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ရသေ့တောင်နဲ့ ရမ်းဗြဲမြို့နယ်တွေမှာ  တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေခဲ့ပါတယ်”  ဖော်ပြသည်။

ဇန်နဝါရီ ၂၁ ရက် ယနေ့၊ ည (၈) နာရီ (၄၈) မိနစ်အချိန်ခန့်ကလည်း  မင်းပြားမြို့အား စစ်ကောင်စီ၏ Y-12 လေယာဉ်သည်လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် မင်းပြားမြို့၊ ပြည်တော်လှ ရပ်ကွက်၊ ရွှေပြည်စိုးရပ်ရှိလူနေအိမ်အချို့ မှာ မီးဟုန်းဟုန်း တောက်လောင် ပြာကျခဲ့၇သည်ဟု ဖော်ပြထားသည်။


စစ်ဆင်ရေး(၈ရ) ရက်မြောက်နေ့ ဇန်နဝါရီ ၂၁ ရက်နေ့တွင်လည်း စစ်ကောင်စီဖက်မှ တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့်နေရာများနှင့် အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ရပ်ရွာများအားလက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုများမှာ ယခင်ရက်များနည်းတူဆက်လက်ပြုလုပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ဇန်နဝါရီ ၂၀ ရက် ညနေဘက်တွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့မှ  ဈေးဝယ်၍ ပြန်လာကြသည့် မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာနှင့်အင်းဖောက်ကျေးရွာတို့မှ ဒေသခံအမျိုးသား (၃) ဦးတို့အား မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဖော်ပြထားသည်။

#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.