Preview

ဘူးသီးတောင် တောင်ပိုင်းမှ စစ်ကောင်စီ နယ်ခြားစောင့်စခန်းများ ဆက်လက်စခန်းစွန့်ခွာ

ဇန်နဝါရီ ၂၃/ ၂၀၂၄ | ကြည့်ရှုသူ :2139
ရခိုင် သတင်း

ရက္ခိုင့်တပ်တော် (AA) တိုက်ခိုက်မည်ကိုကြောက်လန့်၍ ဘူးသီးတောင်မြို့နယ်တောင်ပိုင်းမှ စစ်ကောင်စီ၏နယ်ခြားစောင့်ရဲစခန်းများသည် ဆက်လက်ပြီး စခန်းစွန့်ခွာသွားကြသည်ဟု သတင်းရရှိသည်။

၎င်းစခန်းများမှာ ဘူးသီးတောင်မြို့နယ်တောင်ပိုင်းရှိ ဖရုံချောင်းနယ်ခြား စောင့်စခန်း၊ ငှက်ပျောချောင်း နယ်ခြားစောင့်စခန်း၊ဘုရားပေါ်တောင်နှင့်သပိတ်တောင် နယ်ခြားစောင့် စခန်းတို့ဖြစ်ကြသည်။

၎င်းပြင်အင်အား ၁၀၀ ခန့်ရှိသည့်ညောင်ချောင်းနယ်ခြားစောင့်ရဲစခန်းလည်း ဇန်နဝါရီ ၂၂ ရက် ည ၈ နာရီခန့်က စခန်းစွန့်ခွထွက်ပြေးသွားခဲ့ကြသည်။

ဘူးသီးတောင်မြို့နယ် ဒေသခံ ကျေးရွာသားတစ်ဦးက  " မနေ့ညက ၁၀နာရီဝန်းကျင်လောက်မှာ စခန်းတွေကနေ စွန့်ခွာသွားတယ်လို့ သိရတယ်။ သူတို့စခန်းစွန့်သွားတုန်းကငှက်ပျောချောင်းဖက်ကပစ်ခတ်သံတွေ ထွက်ပေါ်ခဲ့တယ်" ဟု  နိရဉ္စရာသတင်းဌာနကိုပြောသည်။

၎င်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည်ဘူးသီးတောင်မြို့နယ်ရှိ အမှတ်(၈)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၈)ထံ ပူးပေါင်းသွားကြသည်ဟု၎င်းဒေသခံကပြောသည်။

" ကျနော်တို့သိ၇သလောက်တော့ အနီးအနားက  နခခ(၈)နယ်ခြားစောင့်ရဲစခန်းကို သွားပူးပေါင်းတယ်လို့ သိ၇တယ်" ဟုပြောသည်

ဘူးသီးတောင်မြို့နယ်တွင် စကခ (၁၅) အပါအဝင် စစ်ကောင်စီနယ်ခြားစောင့်တပ်နှင့် စစ်တပ်တပ်ရင်း ဆယ်နှင့်ချီပြီး အခြေစိုက်ထားသော မြို့တစ်ခုဖြစ်သော်လည်း ရက္ခိုင့်တပ်တော်ဝင်တိုက်မည်ကို အထူးစိုးရိမ်နေကြသည်ဟု ဒေသခံများကပြောကြားသည်။ (NN-11) 

#ဘူးသီးတောင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.