ရခိုင်ပြည်၊ ရမ်းဗြဲမြို့ သိမ်တောင် စစ်ကောင်စီစခန်းကုန်းကို ရက္ခိုင့်တပ်တော်(AA)ကယနေ့ နံနက်က ထိုးစစ်ဆင်တိုက်ခိုက်ရာမှ တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။
ရမ်းဗြဲမြို့ခံတစ်ဦးက “ အခု မနက် ၈နာရီလောက်ကစပြီး အပြန်အလှန်တိုက်ပွဲ ပြင်းထန်နေ
၎င်း သိမ်တောင် စခန်းကုန်းသည် ရမ်းဗြဲမြို့ ၊ တောင်ဥက္ကလာရပ်ကွက်တွင် တည်ရှိပြီး ယနေ့ ဇန်နဝါရီ ၂၄ ရက် နံနက် ၈ နာရီလောက်က စတင်ကာ ရက္ခိုင့်တပ်တော်(AA)မှ ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိနေသည်ဟု ဒေသခံများက ပြောဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များ ကျရောက်မှုကြောင့် သိမ်တောင်ခြေရင်းရှိ တောင်ဥက္ကလာရပ်ကွက်အတွင်း နေအိမ်တစ်
“ အခုလက်ရှိ သိမ်တောင်ခြေရင်းက ရပ်ကွက်မှာ မီး
ယမန်နေ့ ဇန်နဝါရီ ၂၃ ရက် ည ရနာရီခန့်ကလည်း ရမ်းဗြဲ ချောင်း၀ဖက်မှ နေဗီများမှ ရမ်းဗြဲမြို့ဘက်ကို လက်နက်ကြီး ၁၀ လုံးခန့် ပစ်ခဲ့သည်ဟု ၄င်းကပြောသည်။
ရမ်းဗြဲမြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ရက်နေ့က ရမ်းဗြဲမြို့၏တောင်ဖက်မီတာ (၂၀၀) ကွာဝေးသည့် အောင်ချမ်းသာစေတီတည်ထားရာ တောင်ပေါ်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ဟု သိ၇သည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီက ဂျက်ဖိုက်တာ၊ ရဟတ်ယာဥ်၊ နေဗီနှင့်
ပုံစာ- ရမ်းဗြဲမြို့ တောင်ဥက္ကလာပ ရပ်ကွက်က မီးခိုးလုံးများတက်လာသည်ကို မြင်တွေ့၇စဉ်