Preview

ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်နှင့် မြေပုံမြို့တို့တွင် စစ်ကောင်စီမှ စစ်ရေးပြင်ဆင်မှုများနှင့် စစ်အင်အားတိုးချဲ့နေရာချထားမှု ဆက်တိုက်လုပ်ဆောင်လာ

ဇန်နဝါရီ ၂၄/ ၂၀၂၄ | ကြည့်ရှုသူ :3649
ရခိုင် သတင်း

စစ်ကောင်စီသည် လက်ရှိတွင်ကျောက်ဖြူ၊ရမ်းဗြဲ၊ တောင်ကုတ်နှင့် မြေပုံမြို့နယ်များတွင်လည်း စစ်ရေးပြင်ဆင်မှုများနှင့် စစ်အင်အားတိုးချဲ့ နေရာချထားမှု ဆက်တိုက်လုပ်ဆောင်လာသည်။

ညီနောင်မဟာမိတ် သုံးဖွဲ့၏ ဇန်နဝါရီလ ၂၃  ရက်နေ့၊ ည (၁၁:၁၅) အချိန် ထုတ်ပြန်ချက်၌  စစ်ကောင်စီ၏ ရခိုင်ပြည်အတွင်း စစ်ရေး လှုပ်ရှားမှုများနှင့်ပတ်သက်ပြီး ထိုသို့ ဖော်ပြထားခြင်း ဖြစ်သည်။

ရက္ခိုင့်တပ်တော် အေအေနှင့် စစ်ကောင်စီတပ်များသည် အဆိုပါ ကျောက်ဖြူ၊ရမ်းဗြဲ၊ တောင်ကုတ်နှင့် မြေပုံ  မြို့နယ် ၄ မြို့နယ်တွင် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေသော်လည်းမင်းပြား၊ ကျောက်တော်၊ မြောက်ဦးမြို့များတွင် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများလောက်မပြင်းထန်သေးဟု သိ၇သည်။

ရက္ခိုင့်တပ်တော်က ပလက်၀ ဒေသတစ်ခုလုံး အပါအဝင် ရခိုင်တစ်ပြည်နယ်လုံးကိုသိမ်းမယ်လို့ ကျေညာထားတော့ စစ်ကောင်စီကလည်း တောင်ဘက်ပိုင်းက မြို့နယ်တွေမှာ စစ်ရေးပြင်ဆင် လာတာမျိုးတွေ့ရပါတယ်။ မြေပုံမှာဆိုရင် ရဲရော၊ စစ်တပ်ရော တပ်စွဲထားတဲ့ မြို့မရဲစခန်းကိုဘန်ကာတွေတူးပြီး အသေအချာပြင်နေတာကို တွေ့၇ပါတယ်ဟုမြေပုံ ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ခရိုင်မြို့ကြီးများဖြစ်ကြသည့် ကျောက်ဖြူနှင့် တောင်ကုတ်မြို့များတွင်လည်းစစ်ရေးပြင်ဆင်မှုများကို ယခင်ကထက်ပြုလုပ်လာသည်ဟု မျက်မြင် ဒေသခံများက ပြောကြားသည်။

ရက္ခိုင်ပြည်၊ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်နဲ့  မြေပုံမြို့နယ်တွေမှာ လည်းစစ်ကောင်စီဘက်က စစ်ရေးပြင်ဆင်မှုတွေနဲ့ စစ်အင်အား တိုးချဲ့နေရာချထားမှုတွေကို  ဆက်တိုက်လုပ်ဆောင်လာတာကို တွေ့နေ၇ပါတယ်ဟု ညီနောင်သုံးဖွဲ့က ထုတ်ဖော်ပြောဆိုထားသည်။


၎င်းပြင် ခိုင် ဒေသတွင်း စစ်ပန်း၍စစ်ရေးမယှဉ်နိုင်သည့် စစ်ကောင်စီသည် ရေကြောင်း၊လေကြောင်းဖြင့် ရက်ဆက် အင်အားဖြည့်တင်းခြင်း တို့ကို မပြတ်လုပ်ဆောင်နေသည့်အတွက် စစ်ဘောင်ကျယ်ပြန့်လာမည့်အသွင်ရှိနေဟုလည်း ဖော်ပြသည်။ 

၎င်းပြင် ၇ခိုင် မြို့နယ်အချို့တွင် စစ်ကောင်စီနှင့်ရက္ခိုင့်တပ်တော်တို့ကြား နှစ်ဘက်ရင်ဆိုင်တိုက်ပွဲများ ပြင်းထန် လျက်ရှိသည်ဟု ဆိုသည်။

ဇန်နဝါရီ ၂၃ ရက်နေ့တွင်လည်းေါက်တော၊မင်းပြား၊ ကျောက်တော်နှင့် ၇သေ့တောင်မြို့နယ်များ၌ ရက္ခိုင့်တပ်တော် (AA)နှင့်စစ်ကောင်စီတို့ အကြား နှစ်ဖက်ရင်ဆိုင်တိုက်ပွဲအချို့ရှိခဲ့ပြီး မင်းပြားမြို့ပေါ်သို့ ရန်သူ့နေဗီသင်္ဘောများမှအင်အားဖြည့်တင်း လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား ရက္ခိုင့်တပ်တော်မှ ချေမှုန်းနိုင်ခဲ့သည်ဟု ဆက်လက်ဖော်ပြထားသည်

မြောက်ဦးအခြေစိုက်စစ်ကောင်စီလက်အောက်ခံ ခမ၇(၃ရ၇) တပ်ရင်းမှ ယမန်နေ့ ဇန်နဝါရီ ၂၃ ရက်  ည (ရ) နာရီ (၃၀) မိနစ်အချိန်ခန့်က အရပ်သားပြည်သူများနေထိုင်ရာမြောက်ဦးမြို့ပေါ်ရပ်ကွက်များသို့ လက်နက်ကြီးများဖြင့်တမင်တကာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် အောင်မင်္ဂလာရပ်ကွက်အတွင်းသို့ ကျည်အချို့ ကျရောက် ပေါက်ကွဲခဲ့ကာ နာရီဝက်ခန့်နီးပါး မီးလောင်ခဲ့၇ကာလူနေအိမ် (၆) လုံးမှာပြာကျပျက်စီးခဲ့၇သည်။

တစ်ဆက်တည်းမှာပင်ရမ်းဗြဲနှင့် အမ်းမြို့နယ်များတွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးများဖြင့်ပစ်ခတ် တိုက်ခိုက်မှုများ ရှိနေခဲ့သည်ဟု ဆိုသည်။

ပလက်၀ဒေသတွင်းရှိစစ်ကောင်စီစခန်းများအား ရက္ခိုင့်တပ်တော် (AA) မှ ချေမှုန်းသုတ်သင်ခဲ့စဉ်အိန္ဒိယနယ်စပ်သို့ ထွက်ပြေးလွတ်မြောက်သွားကြသည့် ရန်သူ့တပ်ဖွဲ့ဝင်အချို့အားလည်းစစ်ကောင်စီမှ ရက္ခိုင်ဒေသတွင်းရှိ စစ်မျက်နှာစာ အသီးသီးတွင် နေရာချထားရန်စစ်ရေးပြင်ဆင်လျက်ရှိနေပြီး  

ယခင်အင်အား (၄၀၀)ကျော်ခန့်သည်လည်း လက်ရှိရက္ခိုင်စစ်မျက်နှာပြင်အနှံ့တွင် ရက္ခိုင့်တပ်တော်နှင့်ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေပြီးဖြစ်သည်ဟု ညီနောင်သုံးဖွဲ့၏ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

#ကျောက်ဖြူ#ရမ်းဗြဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.