Preview

ရမ်းဗြဲအထိ စစ်ရေးပြင်းထန်လာသဖြင့် တောင်ကုတ်တွင်လည်း စစ်ကောင်စီက စစ်ရေးပြင်ဆင်မှုများတိုးလုပ်လာ

ဇန်နဝါရီ ၂၄/ ၂၀၂၄ | ကြည့်ရှုသူ :2864
ရခိုင် သတင်း

ရမ်းဗြဲမြို့အထိ စစ်ရေးပြင်းထန်လာသဖြင့် ခရိုင်မြို့တစ်ခုဖြစ်သော တောင်ကုတ်မြို့ပေါ်တွင်လည်း လုံခြုံရေးတိုးမြင့်ချထားပြီး စစ်ကောင်စီတပ်က မြို့ထဲအထိဝင်ရောက်လှုပ်ရှားမှုများရှိနေကြောင်း သတင်းရရှိသည်။

မျက်မြင်မြို့ခံလူငယ်တစ်ဦးက   " တောင်ကုတ်မြို့ပေါ်မှအခု မနက်ပိုင်းကစလို့ စကစတပ်တွေ ခြေချင်းလိမ်ပြီးရှုပ်ယှက်ခတ်နေကြတယ်။ မနက်ပိုင်းက မြို့ပေါ်မှာလည်း လုံခြုံရေးချထားတာ မြင်၇တယ်"ဟု သူကပြောသည်။

ယနေ့မနက်အစောပိုင်းကစစ်ကောင်စီတပ်ဖွဲ့ဝင်များ ပန်းတောင်း-တောင်ကုတ်လမ်းမကြီးလွတ်လပ်ရေး ကျောက်တိုင်အနီးတဝိုက် လုံခြုံရေးယူနေသည် တွေ့မြင်ခဲ့ရကြောင်းနိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

" အခုမနက်ပိုင်းက လွတ်လပ်ရေးကျောက်တိုင်နားမှာ စစ်သားတွေ လုံခြုံရေးချထားတာ တွေ့ခဲ့၇ပါတယ်"ဟု ၎င်းပြောသည်။

တောင်ကုတ်မြို့တွင် အမှတ် (၅) စစ်ဗျူဟာကွပ်ကဲမှုဌာနချုပ် အပါအဝင် ခမ၇ (၅၄၄)၊ခမ၇ (၃၄၆) တို့ တည်ရှိကြောင်း သိ၇သည်။


တောင်ကုတ်မြို့ထဲတွင် ခရိုင်၊ မြို့နယ်ရဲစခန်းများတည်ရှိပြီး ၎င်းစခန်းများကို ရက္ခိုင့်တပ်တော်(AA)က ၅  ရက် အတွင်း စခန်းစွန့်ရန်ရာဇသံပေးထားသည်ဟု သတင်း ထွက်ပေါ်နေသော်လည်း နိရဉ္စရာ သတင်းဌာနအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းတော့မရှိသေးပါ။

ယနေ့ဇန်နဝါရီလ၂၄ ရက်မနက်ပိုင်းတွင်မူ တောင်ကုတ် မြို့ပေါ်တွင်စစ်အင်အားအပြည့်နှင့် စစ်ကားများ သွားလာလှုပ်ရှားမှုအပြင်မြို့တွင်း နေရာတချို့တွင်လည်း လုံခြုံရေးချ စောင့်ကြပ်နေကြောင်းတစ်ခြားမျက်မြင်ဒေသခံများကလည်း ပြောကြားသည်။

အလားတူယနေ့မနက်အစောပိုင်းမှာပင် စစ်သားအင်အားအပြည့်တင်ဆောင်၍ စစ်ကားတချို့ တောင်ကုတ်မြို့ ရေကြောင်းထွက်ပေါက်ဖြစ်သည့်တောင်ကုတ်ချောင်း၀ရှိ စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်ပိုင်ဂုဏ်ဓန သင်္ဘောဒေါက်ကျင်းဘက်သို့ ဆင်းသွားကြောင်းလည်း၎င်းက ပြောသည်။

စစ်ကောင်စီတပ်သည်ရခိုင်တိုက်ပွဲစတင်ကတည်းက တောင်ကုတ်မြို့ပေါ်သို့ရက္ခိုင့်တပ်တော်က အလွယ် တကူဝင်ရောက် တိုက်ခိုက်လာမည်ကိုစိုးရိမ်၍ကျေးရွာချင်းဆက်ချောင်းကူး တံတား သုံးစင်းကိုလည်းအတင်းဖြိုဖျက်ခိုင်းခဲ့သည်။


အလားတူတောင်ကုတ်မြို့ဝန်းကျင်မှ စစ်ရေးအရအပေါ်စီးကျသည့် ဘုရားတောင်များအပါအဝင်တောင်ကုတ်ချောင်း၀ ဘီလူးကြီးတောင်တွင်လည်း လက်နက်ကြီးတပ်ဖွဲ့စည်းထားသည်ဟုပြီးခဲ့သည့် နိုဝင်ဘာလက မြို့ခံတက်ကြွလှုပ်ရှားသူတစ်ဦး၏ပြောပြချက်အရသိ၇သည်။

ပြီးခဲ့သည့်ဒီဇင်ဘာလ ၁၇ ရက်၊ ညပိုင်းကလည်း တောင်ကုတ်မြို့နယ်၊ တပျော့ကျေးရွာ အနီး ကားလမ်းပေါ်တွင်စစ်ကောင်စီယာဉ်တန်းကို ရက္ခိုင့်တပ်တော်(AA)ကမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်ဒဏ်ရာရမှုရှိခဲ့ကြောင်းသိ၇သည်။

ပြီးခဲ့သည့်၂၀၂၂ ခုနှစ်၊ တကျော့ပြန်၇ခိုင်တိုက်ပွဲကာလ စက်တင်ဘာလ ၁၆ ရက်၊နေ့လယ်၁ နာရီ အချိန်ကလည်း တောင်ကုတ်မြို့ချောင်း၀ ၊ရွှေလင်းယုန်ဆိပ်အနီး ချောင်းထဲတွင်သွားလာနေသည့်စစ်ကောင်စီဇက်ရေယာဉ်တစ်စီးကို ရက္ခိုင့်တပ်တော်က ပစ်ခတ်တိုက်ခိုက်ခဲ့၍နှစ်ဘက်ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးသည်။

စစ်ကောင်စီသည်လက်ရှိတွင် ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်နှင့် မြေပုံမြို့နယ်များတွင်လည်း စစ်ရေးပြင်ဆင်မှုများနှင့် စစ်အင်အား တိုးချဲ့နေရာချထားမှုဆက်တိုက်လုပ်ဆောင်လာသည်ဟု ညီနောင် မဟာမိတ်သုံးဖွဲ့၏ ဇန်နဝါရီလ ၂၃ ရက်နေ့၊ ည (၁၁:၁၅) အချိန် ထုတ်ပြန်ချက် ဖော်ပြထားသည်။(NN-23)

ပုံစာ- ယနေ့တောင်ကုတ်မြို့မြင်ကွင်း ( KoMaung Bu and Narinjara)

#ရမ်းဗြဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.