Preview

စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ဇန်နဝါရီ (၂၄) တစ်ရက်တည်းအတွင်း ၇ခိုင်တွင် သေဆုံးသူ ၅ ဦး၊ ဒဏ်ရရာသူ ၁၆ ဦးရှိ

ဇန်နဝါရီ ၂၅/ ၂၀၂၄ | ကြည့်ရှုသူ :7027
ရခိုင် သတင်း

ဇန်နဝါရီ ၂၄ ရက် တစ်ရက်တည်းအတွင်းစစ်ကောင်စီက လက်နက်ကြီးများဖြင့် ကျေးရွာအတွင်း ပစ်ခတ်၍ ကလေးငယ်များအပါအဝင် သေဆုံးသူ၅ ဦး၊ ဒဏ်ရရာသူ ၁၆ ဦးရှိထိ ရှိကြောင်း သတင်းရရှိသည်။

ဇန်နဝါရီ ၂၄ ရက်နေ့ ညနေ၅ နာရီကျော်က မင်းပြားမြို့နယ် သဲတန်းကျေးရွာထဲကို စစ်ကောင်စီ နေဗီမှ လက်နက်ကြီးများဖြင့်ပစ်ခတ်၍ ၂ ဦးသေပြီး ကလေးငယ်များ အပါအဝင် ရွာသား ၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကျေးရွာသားများနှင့်ဆက်သွယ်ရရှိသူ ဒေသခံတစ်ဦး နိရဉ္စရာသတင်းဌာနသို့ သတင်းပေးပို့သည်။

သေဆုံးသူ နှစ်ဦးမှာ ဦးရာကျော်နှင့်ဒေါ်အလှချေဖြစ်ပြီး ဒဏ်ရာရသူများမှာ ဆန်းမေစိုး၊ ဦးအေးကျာ်၊ စိုးစိုးစံ၊ မသာနု၊ လှမြသိန်း၊သန်းသန်းရီနှင့် နိုင်နိုင်စိုးတို့ ဖြစ်ကြသည်။ ဖုန်းလိုင်းအခက်အခဲကြောင့် တို့၏ ၎င်းအသက်အရွယ်ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေများကို မသိ၇သေးပါ။

ညီနောင်သုံးဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် “ ယနေ့၊ ညနေ (၆) နာရီဝန်းကျင်ခန့်က မင်းပြားမြို့နယ်၊ သဲတန်းကျေးရွာအားရန်သူ့နေဗီသင်္ဘောမှ ဟောင်ဝစ်ဇာလက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့်ဒေသခံ (၁) ဦး သေဆုံးခဲ့၇ပြီး (၃) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရရှိခဲ့ပြီး လက်နက်ကြီးကျည်ထိမှန်၍ ကျေးရွာတွင်းရှိ နေအိမ်(၃) ဆောင်မှာ လုံး၀ပြိုကျပျက်စီးခဲ့၇သည်” ဟု ဖော်ပြထားသည်။

အလားတူ  ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ စကခ (၁၅) မှ ဇန်နဝါရီ ၂၄ ရက်  ညနေ (၅) နာရီ (၂၀) မိနစ်အချိန်ခန့်တွင်  အရပ်သားပြည်သူများနေထိုင်ရာကျေးရွာများသို့လက်နက်ကြီးများဖြင့်ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဘူးသီးတောင်မြို့နယ်၊ မောင်နှမပုလဲတောင်ရွာကြီးမှအရွယ်မရောက်သေးသော မွတ်ဆလင်ညီအစ်ကို (၃) ဦး ပွဲချင်းပြီးသေဆုံးခဲ့၇ပြီး ကလေးငယ် (၂) ဦး အပါအဝင် (၈) ဦးတို့လည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

၎င်းပြင် ယမန်နေ့ နံနက် ၉ နာရီကျော်ကမောင်တောမြို့နယ်၊ ဇော်မတက်အုပ်စု၊ ကိုင်းကြီး (မြို)ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် (၁) လုံးမှာ ကျရောက်ပေါက်ကွဲခဲ့ရာမှအသက် ၁၅ နှစ်အရွယ် ဒေသခံမိန်းကလေးငယ် ၁ ဦးနှင့် ၁၀ နှစ်အရွယ်ယောကျာ်းလေး ၁ ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

၎င်းပစ်ခတ်မှုကို မောင်တောအခြေစိုက် စစ်ကောင်စီ၏“မော၇၀တီဗျူဟာ” မှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး  ဇန်နဝါရီ ၂၄ ရက်  နံနက် (၉) နာရီ (၄၀) မိနစ်အချိန် ခန့်၌အရပ်သားပြည်သူများနေထိုင်ရာ မြို့နှင့် ကျေးရွာများသို့ လက်နက်ကြီးများဖြင့်(၆) ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ညီနောင်သုံးဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါစခန်းသည် မိမိတို့ပြည်သူလူထုအားလက်နက်ကြီးအားကိုးဖြင့် နှစ်ရှည်လများ အနိုင်ကျင့် ဗိုလ်ကျနေ သည့်ရန်သူ့တပ်စခန်းကြီးပင် ဖြစ်သည်ဟုဆိုသည်။

ရက္ခိုင့်တပ်တော် (AA) သည် ထိုသို့အကြမ်းဖက်ပစ်ခတ်ပြီး  ပြည်သူလူထုကိုသတ်ဖြတ်နေသောစခန်းများ ကိုလည်း မိမိတို့မှ မနှေးအမြန်တိုက်ခိုက်သိမ်းယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၇ခိုင်တိုက်ပွဲစတင်သည့် နိုဝင်ဘာလ၁၃ ရက်မှ ယခုဇန်နဝါရီ ၁၃ ရက်နေ့ အထိ (၂ ) လကာလအတွင်း  စစ်ကောင်စီ၏ လေယာဉ်၊လက်နက် ကြီးငယ်များဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ရသည့် ရခိုင်အရပ်သား (၈၁) ဦးရှိပြီးထိခိုက်ဒဏ်ရာ၇သူ (၂၆၀) ဦး ရှိသည်ဟု  ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ လူသားချင်း စာနာထောက်ထားရေးနှင့်ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး HDCO က ယနေ့ ဇန်နဝါရီ ၁၈ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

Photo: Research Gate

#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.