Preview

စစ်တွေတွင် တိုက်ပွဲဖြစ်မည်ကိုစိုးရိမ်၍ ရန်ကုန်ကိုသွားသူများပြားရာမှ လေယာဥ်လက်မှတ်များ မတ်လတတိယပတ်အထိ ရောင်းကုန်နေ

ဇန်နဝါရီ ၂၅/ ၂၀၂၄ | ကြည့်ရှုသူ :4236
ရခိုင် သတင်း

စစ်တွေမြို့တွင် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်၍ ရန်ကုန်မြို့သို့  စစ်ဘေးခိုလှုံရန် သွားသူများပြားနေ၍လေယာဥ်လက်မှတ်များမှာလာမည့်မတ်လတတိယအပတ်ထိရောင်းကုန်သွားပြီဖြစ်ကြောင်းလေယာဥ်လက်မှတ်အရောင်းဌာနများထံမှသိ၇သည်။

KBZ ပုံမှန်လေကြောင်းတွေက လပိုင်း ၁၀ ရက်ကျော်လောက်မှပဲ၇ပါတော့မယ်။ မြန်မာ့လေကြောင်း လိုင်းကတော့ လပိုင်း ၂၀ ကျော်လောက်မှပဲ ၇ပါတော့မယ်။ ဖေဖော်ဝါရီ တစ်လလုံး လက်မှတ်မရှိတော့ဘူး။ မန်း၇တနာပုံကတော့ လပိုင်းအတွက်ပဲ၇ပါတော့မယ်ဟု လေယာဥ်လက်မှတ်ရောင်းနေသူ တစ်ဦးက ပြောသည်။

KBZ ဆိုလျှင် လေယာဥ်လက်မှတ်တစ်စောင်ကို ၃၆၀၀၀၀ ကျပ် မှ ၄၄၀၀၀၀ ကျပ်၊ မြန်မာ့လေကြောင်း ဆိုလျှင် ၃၅၅၀၀၀ ကျပ်၊ မန်း၇တနာပုံ ဆိုလျှင် ၁၇၉၀၀၀ ကျပ် မှ ၂၄၉၀၀၀ ကျပ် ထိ ဈေးနှုန်းရှိနေသည်ဟု သူကပြောသည်။

လက်ရှိတွင် စစ်တွေမှ ရန်ကုန်သို့ လေယာဥ်စီး၍သွားသူများပြားနေပြီး ရန်ကုန်မှ စစ်တွေသို့ဆိုလျှင် ခရီးသည်မပါသလောက်နည်းပါးကာ ကုန်ပစ္စည်းများသာ ပါသည်ဟု နောက်ထပ် လေယာဥ်လက်မှတ် ရောင်းချနေသူ တစ်ဦးက ဆိုသည်။

စစ်တွေက အသွားပဲ လူပါပါတယ်။ ရန်ကုန်ဘက်က ဆိုရင် တချို့လေယာဥ်ဆို ခရီးသည်တောင် မပါတာရှိပါတယ်။ ကုန်ပစ္စည်းအပြည့်နဲ့လာပြီးတော့ စစ်တွေက ခရီးသည်တင်ပြီး ပြန်ထွက်ကြတာရှိပါတယ်။ တိုက်ပွဲစဖြစ်ကတည်းက လူတွေက ရန်ကုန်သွားတာ များကြပါတယ်ဟု ဆိုသည်။

၇ခိုင် တကျော့ပြန်တိုက်ပွဲစတင်ခဲ့သည့် ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်မှ စတင်ကာ စစ်တွေမြို့ပေါ်နှင့် တခြားမြို့နယ်များမှ လူအများစုသည် စစ်တွေမြို့တွင် တိုက်ပွဲများဖြစ်လာမည်လားဟု စိုးရိမ်ကာ ရန်ကုန်မြို့သို့ တိမ်းရှောင်နေကြသူ များပြားနေသည်ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်တဲ့ နေ့ကနေစပြီး ပိုက်ဆံရှိတဲ့သူတွေက စစ်တွေမှာဖြစ်ရင် ဘယ်ကိုပြေး၇မလဲဆိုပြီး ရန်ကုန်ကို သွားကြတာ။ စစ်တွေမှာဖြစ်လာရင် ပြေးမယ့်နေရာလည်း မရှိဘူး။ တောတောင်လည်းမရှိဘူး။ ဒါကြောင့် ငွေရှိတဲ့သူတွေက ရန်ကုန်ပြေးကြတာပေါ့ဟုပြောသည်။

နောက်ထပ် စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးကလည်း ဟိုတစ်နေ့က ဈေးကြီးသွားတယ်။ ဆိုင်တွေက ပိတ်တဲ့ဆိုင်ပိတ်ထားကြတယ်။ မေးကြည့်တော့ သူတို့ ရန်ကုန်ကိုသွားကြတယ်တဲ့။ ငွေရှိတဲ့သူတွေတော့ လေယာဥ်လက်မှတ် သိန်းပေး၇လည်း သွားကြမှာပဲ။ အလုအယက် ဝယ်ကြတယ်။ ကျမတို့တော့ လက်လုပ်လက်စားတွေဆိုတော့ သွားလည်း မသွားနိုင်ဘူး။ ဖြစ်လာရင် သေမှာပဲ ဟုပြောသည်။

ယခုလက်ရှိ လတ်တလော အရေးပေါ် ရန်ကုန်သို့ သွားမည့်သူများအတွက် ကုမ္ပဏီ ခုက မြန်မာ့လေကြောင်းလိုင်းမှ လေယာဥ်များကို စင်းလုံးငှားကာ လက်မှတ်ရောင်းချပေးနေသည်များလည် ရှိနေသည်ဟု သိ၇သည်။

 “အခုတော့ ရန်ကုန်ဘက်က ကုမ္ပဏီ ခုက ချာတာဆွဲပြီး လိုက်လို့ရှိပါတယ်။ စင်းလုံးငှားပြီးတော့ ဆွဲနေပါတယ်။ အရေးပေါ်သွားမယ့်သူတွေကတော့ ချာတာနဲ့ ချိတ်ဆက်ကြပါတယ်။ သူတို့လက်မှတ်ကလည်း ၃၅၅၀၀၀ ပါပဲ။ တချို့ကတော့ ကြားက လက်မှတ်ဈေးတင်ပြီး ပွဲစားလိုလို ရောင်းကြတာတော့ရှိတာပေါ့ ဟု လေယာဥ်လက်မှတ် ရောင်းနေသည့် အေးဂျင့်တစ်ခုက ပြောသည်။

 

တချို့ဆိုရင် လေယာဥ်လက်မှတ်များကို ကြိုဝယ်ထားပြီး ဈေးတင်ကာ ထုတ်ရောင်းနေသူများလည်း ရှိနေသည့်အတွက် ရန်ကုန်ကို ကျန်မာရေးအ၇သော်လည်းကောင်း၊ စီးပွားရေးအ၇သော်လည်းကောင်း သွားလာရန် လိုအပ်သူများမှာ များစွာ အခက်အခဲဖြစ်နေကြသည်ဟု ဆိုကြသည်။


ယခုကဲ့သို့ လေယာဥ်လက်မှတ်များကို ကြိုတင်ဝယ်ယူကာ ဈေးတင်ရောင်းချနေသူများရှိနေသည့်အတွက် KBZ နှင့် မြန်မာ့လေကြောင်းလိုင်းဆိုလျှင် လက်မှတ်ဝယ်ယူထားပြီးပါက နာမည်ပြောင်း၍မ၇တော့ကြောင်းလည်း သိ၇သည်။


#စစ်တွေ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.