Preview

AA မှကြားဖြတ်တိုက်ခိုက်၍ မင်းပြားမြို့ကို စစ်ကူလာသည့် စစ်ကောင်စီနေဗီ ၄ စီး ပြန်လည်ဆုတ်ခွာသွား

ဇန်နဝါရီ ၂၆/ ၂၀၂၄ | ကြည့်ရှုသူ :7812
ရခိုင် သတင်း

(ကျားရဲပြင်ရွာတွင် မြုပ်နှံထားခဲ့သည့် စစ်ကောင်စီအလောင်းများတွေ့ရှိ)

ရခိုင်ပြည်၊မင်းပြားမြို့ကို စစ်ကူရန်လာသည့် စစ်ကောင်စီနေဗီ ၄ စီးအား  ရက္ခိုင့်တပ်တော်(AA)၏ကြားဖြတ်ဟန့်တား တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာသွားပြီဟု သတင်းရရှိသည်။

မင်းပြားမြို့ကိုပြီးခဲ့သည့် ဇန်နဝါရီ ၂ ၂ ရက်နေ့က စစ်ကူရန်လာခဲ့သည့် စစ်ကောင်စီ၏ နေဗီ ၄ စီးသည်ရက္ခိုင့်တပ်တော်(AA)၏ကြားဖြတ်ဟန့်တား တိုက်ခိုက်မှုကြောင့် ယမန်နေ့ဇန်နဝါရီ ၂၅ ရက် ညဥ့် ၁၁နာရီခန့်ကပင် ပြန်လည်ဆုတ်ခွာသွားကြသည်ဟု မင်းပြားမြို့နယ်၊ကျားရဲပြင်ကျေးရွာမှ ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

“ အဲ့ဒီစစ်သားတွေက ကျားရဲပြင်မှာစခန်းချပြီး အိမ်တစ်အိမ်မှာချက်ပြုတ်စားသောက်ပြီးနေခဲ့တယ်။ မနေ့ည ၁၁ နာရီလောက် ကပဲသူတို့ထွက်ခွာသွားကြလို့ခုရွာသားတချို့ပြန်ရောက်နေပြီ။ သူတို့က မင်းပြားမြို့ကို အင်အားဖြည့်ဖို့လာကြတာ။ မြို့ပေါ်မရောက်နိုင်ဘဲ ရက္ခိုင့်တပ်တော်က ကမ်းကပ်ခွင့် မ၇အောင် ဟန့်တား ပစ်ခတ်လိုက်လို့ ကြောက်ပြီးပြန်သွားကြပြီ။သူတို့ပြန်လာခဲ့တဲ့ လမ်းကြောင်းအတိုင်းပဲ ပြန်သွားကြတာ ” ဟုပြောသည်။

၄င်း နေဗီမှ တက်လာသော စစ်ကောင်စီတပ်သားများသည် ကျားရဲပြင် ကျေးရွာတွင် ၄ ရက်ကြာစခန်းချနေထိုင်ခဲ့ပြီး ရက္ခိုင့်တပ်တော်၏ လက်ချက်ကြောင့် သေဆုံးသွားသည့်စစ်ကောင်စီ၏ ရုပ်အလောင်းအချို့ကို ရွာထဲတွင် မြှုပ်ထားခဲ့သည်ဟု ၄င်းကပြောသည်။

“ စစ်သားတွေ ရွာက အိမ်တွေကို ဖောက်ထွင်းမွှေသွားခဲ့တယ်။ ပြီးတော့ အလောင်း ရ လောင်း လောက်ကို မြှုပ်ထားတယ်။အဲ့ဒီအလောင်းတွေကိုရွာသားတွေကဖော်ပြီးချောင်းထဲကို လွှင့်ပစ် လိုက်တယ်။ ရွာမှာက ရွာဂါမ ပိုင်းညတ်ရှိတယ်လေ။တစ်ခြားရွာက စိမ်းသေသေတဲ့ လူကို ရွာသုဿန်မှာ မြုပ်လို့ မရဘူး။ ဘေးအန္တရာယ် ကျရောက်တတ်တယ်”ဟုပြောသည်။

စစ်ကောင်စီတပ်က ရွာထဲတွင် မိုင်းထောင်ထားကောင်း ထောင်ထားနိုင်သဖြင့်လက်ရှိတွင် မိုင်းအန္တရာယ်ကိုစိုးရိမ်နေရ၍  ရွာသားများအားလုံး ရွာကို မပြန်နိုင်သေးဟုပြောဆိုသည်။

ယင်းအပြင်မင်းပြားတွင် ကျန်ရှိနေသေးသည့် စစ်ကောင်စီ၏ခမ၇ ၃၇၉ နှင့် ရက္ခိုင့်တပ်တော်(AA) တို့သည့်ယမန်နေ့ ညက ပြင်းထန်စွာ တိုက်ပွဲဖြစ်ခဲ့သည်ဟု မင်းပြားဒေသခံတစ်ဦးကနိရဉ္စရာသတင်းဌာနကိုပြောသည်။

“ ၃၇၉မှာစုပေါင်းထားတဲ့စစ်သားတွေရှိသေးတယ်။ ညအချိန် တိုက်ပွဲဖြစ်တာကိုကြား၇တယ်။ အဲ့ဒီ ၃၇၉ မှာဂူခေါင်းရှိတယ်။ အဲဒီမှာ စစ်သားတွေ တွင်းတူးလို့နေကြတာ “ ဟုပြောသည်။

တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေသော မင်းပြားစစ်မြေပြင်တွင် ရက္ခိုင့်တပ်တော်(AA) တပန်းသာ နေပြီး စစ်ကူလာသည့်စစ်ကောင်စီ နေဗီသင်္ဘောများအား ဟန့်တားတိုက်ခိုက်နိုင်ခဲ့သည်ဟု ဇန်နဝါရီ ၂၅ ရက်ညီနောင်သုံးဖွဲ့၏ နေ့စဉ်ထုတ်ပြန်နေသည့် သတင်းတွင် ဖော်ပြထားသည်။

ယခုပြန်လည်ဆုတ်ခွာသွားသည့်စစ်ကောင်စီ၏နေဗီ ၄ စီးသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်နေ့က မင်းပြားမြို့ကိုစစ်အင်အားဖြည့်ရန် တက်လာခဲ့ခြင်းဖြစ်ပြီး မင်းပြားမြို့ကိုမရောက်ရှိဘဲရက္ခိုင့်တပ်တော်၏ တိုက်ခိုက် ဟန့်တားမှုကြောင့် ဆုတ်ခွာသွားခဲ့ကြသည့်အတွက်စိတ်ကျေနပ်မှု ရရှိကြသည်ဟု ဒေသခံများက ပြောသည်။(NN-11)

 

#AA#မင်းပြားမြို့
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.