(၁၂၂)မမ ဟောင်ဝစ်ဇာအမြောက်များအပါအဝင် လက်နက်ခဲယမ်းများကိုပါမီးရှို့ဖျက်ဆီးသွား
စစ်ကောင်စီတပ်သည် ရခိုင်ပြည်၊ မြေပုံမြို့နယ်အတွင်းရှိ “ယောချောင်းဗျူဟာကုန်း”မှ စွန့်ခွာထွက်ပြေးသွားကာ ၎င်းဗျူဟာကုန်းရှိ (၁၂၂) မမ ဟောင်ဝစ်ဇာအမြောက်များအပါအဝင် လက်နက်ခဲယမ်းများကိုပါမီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု ညီနောင်သုံးဖွဲ့၏ဇန်နဝါရီ ၂၆ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထုတ်ပြန်ချက်ထဲတွင် “ ယနေ့ ( ဇန်နဝါရီ ၂၆ ရက်) တွင်လည်းစစ်ကောင်စီသည် မြေပုံမြို့နယ် အတွင်းရှိဗျူဟာကုန်းတစ်ခုကို ထပ်မံစွန့်လွှတ်ခဲ့၇ပြန်သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၂၆) ရက်နေ့၊ နံနက်ပိုင်းကတည်းကပင် ရက္ခိုင်ပြည်၊ မြေပုံ မြို့နယ်အတွင်းရှိ “ယောချောင်းဗျူဟာကုန်း”နှင့် ၎င်းအနီးအနားရှိစခန်းကုန်းများမှ(၁၂၂) မမ ဟောင်ဝစ်ဇာအမြောက် များအပါအဝင် လက်နက်ခဲယမ်းများကိုပါမီးရှို့ဖျက်ဆီးခဲ့သည်”ဟု ဖော်ပြထားသည်။
၎င်းဗျူဟာကုန်းအားစွန့်လွှတ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများသည် စစ်သင်္ဘောနှစ်စီးဖြင့် ထွက်ပြေးသွားခဲ့ကြောင်း၊ ရက္ခိုင့်တပ်တော်မှ ထွက်ပြေးသွားသူများကို လိုက်လံချေမှုန်းတိုက်ခိုက်ခဲ့သောကြောင့် ၎င်းစစ်သင်္ဘောပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ထိခိုက်၊ သေဆုံးမှုများရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဇန်ဝါရီ ၂၆ ရက်တွင်လည်း ကျောက်တော်၊မြောက်ဦး၊ မင်းပြား၊ ၇သေ့တောင်နှင့် ရမ်းဗြဲမြို့နယ်များတွင်ယခင်ရက်များနည်းတူ ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ကြားထိတွေ့တိုက်ပွဲများ ဆက်လက်ရှိနေခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
“ယောချောင်းဗျူဟာကုန်း”(၁၂၂) မမဟောင်ဝစ်ဇာအမြောက်ကို မီးရှို့ဖျက်ဆီးသွားသည့်ရုပ်သံဖိုင် ( AA Info Desk)