မင်းပြားတွင် စစ်ကောင်စီတပ်က အမျိုးသမီး ၂ဦးအပါအဝင် ရွာသား ၃ဦးကို လည်လှီးသတ်ဖြတ်၊ တစ်ပတ်အတွင်း စစ်တပ်၏ လူမဆံသော လုပ်ရပ်ကြောင့် အရပ်သား ၆ဦးသေဆုံးပြီး ၁၀ခန့်ဒဏ်ရာ၇
နိရဉ္စရာ၊ ဇန်နဝါရီ ၂၇/ ၂၀၂၄
မြန်မာ အကြမ်းဖက် စစ်ကောင်စီတပ်သည် ၇ခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် တစ်ပတ်အတွင်း အပြစ်မဲ့အမျိုးသမီး ၂ဦးအပါအဝင် ရွာသား ၃ ဦးကို လည်လှီးသတ်ဖြတ်ခဲ့ပြီး ကျေးရွာအချို့သို့ လည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ နောက်ထပ် အရပ်သား ၃ ဦးသေဆုံးကာ ၁၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရရှိသည်။
စစ်ကောင်စီတပ်၏ ရက်ရက်စက်စက်လည်လှီးသတ်ဖြတ်ခံ၇သူ ၃ ယောက်ကတော့ မင်းပြားမြို့နယ်၊ င / တန်ပျင်းရွာက ဒေါ်ဦးသန်းနု (၃၃ နှစ်)၊ ဒေါ်မစိန်ဖြူ (၆၄ နှစ်) နှင့် မင်းပြားမြို့နယ်၊ ဘားဘူတောင်ရွာက ဦးမောင်စောသိန်း (၆၂ နှစ်) တို့ဖြစ်ကြသည်။
လက်နက်ကြီးကျည်ကျ၍ သေဆုံးခဲ့ရသူများမှာ မင်းပြားမြို့နယ် သဲတန်းကျေးရွာမှ ဒေါ်အလှချေ(ခ) အောင်ညွန့်စိန် (၅၇ )နှစ်နှင့် ဦးရာကျော် (၅၅ )နှစ်နှင့် ဇီးပင်ကြီး ကျေးရွာမှ ဆယ်ကျောက်သက်အရွယ် မိန်းကလေးတစ်ဦး တို့ဖြစ်ကြသည်။
လည်လှီးသတ်ဖြတ်မှုကို အကြမ်းဖက်စစ်ကောင်စီတပ်သားများက ယခုလ ၁၈ ရက်က စစ်ကောင်စီ နေဗီစစ်ရေယာဉ်မှ စစ်သားများက ကျူးလွန်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံရွာသားများကပြောသည်။
သေဆုံးသူများနှင့် ဆွေမျိုးတော်စပ်သူ ကျေးရွာလူကြီးတစ်ဦးက “ ဒီလ ၁၈ ရက် ညနေ ၃ နာရီခန့်က ကျွန်တော်တို့ ငတန်ပျင်းကျေးရွာထဲကို ဝင်ရောက်လာတဲ့ နေဗီက စစ်သားတွေ သတ်ဖြတ်သွားခဲ့တာပါ။ ဒေါ်ဦးသန်းနုရော၊ ဒေါ်မစိန်ဖြူပါ လည်ပင်းလှီးပြီး သတ်ခံရတာကို တွေ့ရပါတယ်။ အလွန်တရာ ရက်စက်တဲ့ လုပ်ရပ်ပါ။ ဘာမှ အပြစ်မရှိတဲ့ အမျိုးသမီးတွေ အပေါ်ဒီလောက်ရက်စက်တာမျိုးကို ဘ၀မှာဒီတစ်ခါဘဲ ကြုံဖူးပါတယ်။ ” ဟု ပြောဆိုသည်။
၎င်းပြင် အဆိုပါစစ်တပ်သည် င /တန်ပျင်းရွာအနီးက ဘားဘူတောင်ရွာထဲသို့ ထပ်မံ ဝင်ရောက်လာပြီး ထွက်မပြေးနိုင်သူ ဦးမောင်စောသိန်းကိုလည်း ၎င်း၏ နေအိမ်အတွင်း လည်လှီးသတ်ဖြတ်ပစ်ခဲ့သည်ဟု ပြောဆိုသည်။
ရက္ခိုင့်တပ်တော်(AA) ပြောခွင့်ရသူ ဦးခိုင်သုခကလည်း အဆိုပါ လည်လှီးသတ်ဖြတ်မှုကို အတည်ပြုပြီး ကျားရဲပြင်တွင် စခန်းချခဲ့သည့် နေဗီက စစ်သားများက ရက်စက်စွာ ကျူးလွန်သွားခြင်း ဖြစ်ကြောင်း နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၄ ရက် နှင့် ၂၅ ရက်ကလည်းလူနေကျေးရွာများအထဲကို စစ်ကောင်စီ နေဗီရေယာဉ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ မင်းပြားမြို့နယ်၊ သဲတန်းရွာမှ နှစ်ဦးသေဦးပြီး ရ ဦးဒဏ်ရာရရှိခဲ့ပြီး ဇီးပင်ကြီး ကျေးရွာမှလည်း ဆယ်ကျောက်သက်အရွယ် မိန်းကလေးတစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်။
သဲတန်းကျေးရွာလူကြီးတစ်ဦးက “ ဒီလ ၂၄ ရက်နဲ့ ၂၅ ရက် က မင်းပြားမြို့နယ်၊ ကျားရဲပြင် ကျေးရွာအနီးမှာ ရပ်နားထားတဲ့ စစ်ကောင်စီတပ် ရေတပ်နေဗီသင်္ဘောက အနီးဝန်းကျင် ကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပါတယ်။ လက်နက်ကြီးကျည်အချို့ သဲတန်းရွာနဲ့ ဇီးပင်ကြီးကျေးရွာ အတွင်းကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ သဲတန်းရွာက ဒေါ်အလှချေက ပွဲချင်းပြီး သေပါတယ်။ ဦးရာကျော် ဆေးရုံမှာ သေဆုံးပါတယ်။ ဇီးပင်ကြီးက အသက် (၁၃) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးဆုံးပါတယ်” ဟု ပြောသည်။
သဲတန်းရွာမှ ဒဏ်ရာ၇သူများမှာ မစိုးစိုးစံ (၁၀ )နှစ် (မျက်နှာ ဒဏ်ရာ၇)၊ မောင်နိုင်နိုင်စိုး (၁၃ )နှစ် (ညာလက် ဒဏ်ရာ၇)၊ မဆန်းမေစိုး (၁၇ )နှစ် (ဘယ်ခြေထောက် ဒဏ်ရာ၇)၊ ဒေါ်လှမြသိန်း (၅၇ )နှစ် (ညာပေါင် နှင့် မျက်နှာ ဒဏ်ရာ၇)၊ ဦးအေးကျော် (၃၀)နှစ် (ဘယ်ပေါင်ရင်း ပွင့်ထွက်ဒဏ်ရာ) ၊ မမေလတ် (၂၃) နှစ် (လည်ပင်း နှင့် ညာခြေထောက် ဒဏ်ရာရ) နှင့် နောက်ထပ် ရွာသားတစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည်။
၎င်းပြင် ဇီးပင်ကြီးကျေးရွာမှ နောက်ထပ်ရွာသား ၃ ဦး ဒဏ်ရာရရှိခဲ့ဟုလည်း ၎င်းကပြောသည်။
သဲတန်းကျေးရွာမှ ဒဏ်ရာရရှိသူတချို့မှာ ဒဏ်ရာပြင်းထန်သည့်အတွက် ယနေ့အချိန်အထိ ဆေးရုံတွင် ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း နားပဲ့ချောင်းရွာသားတစ်ဦးကပြောသည်။
"လက်နက်ကြီး ထိလို့ သဲတန်းမှာ အိမ်တွေလည်း ပျက်သွားတယ်။ လူတွေလည်း တော်တော်ထိသွားပါတယ်။ ဆေးရုံမှာ ဒဏ်ရာပြင်းထန်သူတွေလည်း ကျန်သေးတယ်လို့ ပြောသည်။ ဒဏ်ရာရသူတွေနဲ့ ရွားသားတချို့ကတော့ ကျနော်တို့ ရွာမှာ စစ်ရှောင်ဖို့ရောက်နေကြပါတယ်"ဟု ပြောသည်။
၎င်းပြင် အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် မင်းပြားမြို့နယ်က င/ တန်ပျင်းရွာ၊ ဘာဘူတောင်ရွာနှင့် ကျားရဲပြင်ရွာများမှ လူနေအိမ်များကို ဖောက်ထွင်းပြီး အဖိုးတန် ပစ္စည်းများ ကို ခိုးယူသွားသည့်အပြင် ရွာသာများပိုင် သိုလှောင်ထားသည့် စပါးကျီးများကိုလည်း မီးရှို့သွားကြောင်း ဒေသခံရွာသားများက ပြောကြားသည်။ NN-7/
ပုံစာ- လည်လှီးသတ်ဖြတ်ခံရသူများကို တွေ့၇စဉ်/ ဓာတ်ပုံ- APM