ရက္ခိုင့်တပ်တော် (AA) သည် မင်းပြားမြို့အခြေစိုက် ခမ၇ (၃၈၀) တပ်ရင်းအား အပြီးသတ် သိမ်းပိုက်လိုက်ပြီဟု ဇန်ဝါရီ ၂၈ ရက်နေ့ ညီနောင်မဟာမိတ်သုံးဖွဲ့မှ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အကြမ်းဖက်စစ်ကောင်စီသည် အဆိုပါတပ်ရင်းအား လေကြောင်းမှ ပစ်ကူပေးခြင်းနှင့်ရေကြောင်းမှ စစ်အင်အားဖြည့်တင်းခြင်းတို့ဖြင့် အသည်းအသန်ခုခံခဲ့သော်လည်း ရက္ခိုင့်တပ်တော်၏ထိုးစစ်အောက်၌ ၎င်းတပ်ရင်းတစ်ခုလုံးထပ်မံကျဆုံးခဲ့၇သည်။
ညီနောင်သုံးဖွဲ့၏ ထုတ်ပြန်ချက်အထဲတွင် “ယနေ့တွင် ရက္ခိုင့်တပ်တော် (AA)မှ ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ရက္ခိုင်ဒေသ၊ မင်းပြားမြို့နယ်ရှိစစ်ကောင်စီ၏ “ခမ၇(၃၈၀) တပ်ရင်း” အား အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ရန်သူသည်နေ့စဉ်ရက်ဆက် စခန်းတစ်ခုပြီးတစ်ခုစွန့်လွှတ် နေရသည့်အတွက် အဆိုပါတပ်ရင်းအား လေကြောင်းမှ ပစ်ကူပေးခြင်းနှင့်ရေကြောင်းမှ စစ်အင်အားဖြည့်တင်းခြင်းတို့ဖြင့် အသည်းအသန်ခုခံခဲ့သော်လည်း ရက္ခိုင့်တပ်တော်၏ထိုးစစ်အောက်၌ တပ်ရင်းတစ်ခု ထပ်မံကျဆုံးခဲ့၇ကြောင်း”ဖော်ပြထားသည်။
မင်းပြားတွင် စစ်ကောင်စီ၏ ခမ၇ (၃၈၀)၊ (၃၇၉) နှင့် (၅၄၁) တပ်ရင်း ၃ ရင်းတည်ရှိပြီး ၎င်း တပ်ရင်းများကို တစ်ခုနှင့် တစ်ခု အနီးကပ်တည်ဆောက်ထားခြင်းဖြစ်သည်။
အဆိုပါ တပ်ရင်းများ ရက္ခိုင့်တပ်တော် မသိမ်းပိုက်နိုင်ရန်လေယာဉ်များဖြင့် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ရေတပ်သင်္ဘောများဖြင့် အကြိမ်ကြိမ်အမြောက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ စစ်အင်အားအများအပြားကို စစ်ကူပို့ဆောင်ခဲ့သော်လည်းခမ၇ (၃၈၀) ကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။
လက်ရှိတွင် ခမ၇ (၃၇၉) နှင့် (၅၄၁) တပ်ရင်း နှစ်ရင်းသာကျန်ရှိတော့သော်လည်း ရက္ခိုင့်တပ်တော်ကဝိုင်းဝန်းပိတ်ဆို့ထားပြီး ဆက်လက်၍ တိုက်ခိုက်နေသဖြင့် အင်အားအနည်းအကျဉ်းသာ ကျန်ရှိတော့သည်ဟု သိ၇သည်။
ရခိုင်တွင် တစ်ခြားတိုက်ပွဲဖြစ်ပွားနေသောမြို့များမှာ မြောက်ဦး၊ကျောက်တော်၊ ရမ်းဗြဲ၊ မောင်တော၊ ဘူးသီးတောင်၊မင်းပြားနှင့်ရသေ့တောင်မြို့နယ်များဖြစ်ကြပြီး စစ်ကောင်စီသည်လေကြောင်းကို အသုံးပြုပြီး အကြီးအကျယ် ခုခံကာကွယ်နေရသည်ဟု သိရှိ၇သည်။
ညီနောင် ၃ ဖွဲ့၏ ထုတ်ပြန်ချက်တွင်လည်းယခင်ရက်များနည်းတူရက္ခိုင်ပြည်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြားနှင့်ရသေ့တောင်မြို့နယ်များတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီ တို့ကြား ကြိုကြားကြိုကြားတိုက်ပွဲများရှိနေခဲ့သည်ဟု ဖော်ပြသည်။