ရခိုင်ပြည်နယ်က တိုက်ပွဲဖြစ်နေသည့် မြို့နယ်များတွင် လက်နက်ထိမှန် ဒဏ်ရာရသူ အရပ်သား ပြည်သူများအား ဆေးဝါးကုသပေးနိုင်ရန် နယ်လှည့် ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့Back Pack Health Worker Team မှ ကြိုးစားနေကြောင်းယင်းအဖွဲ့၏ ညွန်ကြားရေးမှူး စောဝင်းကျော် မှနိရဉ္စရာသတင်းဌာနသို့ ပြောသည်။
နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ သည် ရခိုင်ဒေသကို ကျန်းမာရေးစောင့်ရှောက်မှု မပေးနိုင်သည်မှာ ၂ နှစ်ခန့် ရှိပြီဖြစ်သော်လည်း ၂၀၂၄ တွင်ပြန်လည်ကူညီရန် ဒေသခံ အဖွဲ့အစည်းများဖြင့် အသေးစိတ် ဆွေးနွေးနေပြီဖြစ်ကြောင်း ၎င်းကပြောသည်။
“ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေနဲ့တရားဝင်ပဲဖြစ်ဖြစ် တရားမဝင်ပဲဖြစ်ဖြစ်၊ အပေါ်လမ်း၊ အောက်လမ်း စသဖြင့် ညှိနှိုင်းဆောင်ရွက်မှုတွေလုပ်နေတယ်။ ကျွန်တော်တို့နဲ့ဆောင်ရွက်
ယခင်ကဆိုလျှင် ရခိုင်ဒေသသို့ကူညီနေသည့် နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ ၃ ဖွဲ့ခန့်ရှိခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး၊ နိုင်ငံရေးနှင့် မိမိတို့၏ အားနည်းချက်တချို့ ကြောင့်ရပ်တန့်ခဲ့ရခြင်း ဖြစ်ပြီး ယခုအချိန်တွင် တတ်နိုင်သလောက်ပြန်လည်ကူညီပေးရန် လုပ်ဆောင် နေကြောင်း ၎င်းက ပြောသည်။
“အခုကျွန်တော်တို့ ဆက်ပြီးတော့ ဘယ်လို ဝိုင်းပြီးတော့ အပြည့်အစုံမဟုတ်ပေမယ့်ဘယ်လိုအကောင်းဆုံးဝိုင်း လုပ်ပေးနိုင်မလဲ။ ဆက်ပြီးတော့ကြိုးစားနေတယ်ပေါ့နော်။ ရခိုင်ဒေသကျန်း မာရေးစောင့်ရှောက်မှုအပိုင်းကို နိုင်တဲ့ဘက်ကနေ ကျွန်တော်တို့ ဝိုင်းလုပ်ပေးဖို့ကြိုးစားနေကြ
နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ သည် လက်ရှိတွင် အရေးပေါ်နေရာပေါင်း၃၀ ကျော်မှ လူဦးရေ ၃သိန်းကျော်ကို ပုံမှန်ကုသနေ၇ပြီး နောက်ထပ် ၁သိန်း ဝန်းကျင်ကိုထပ်မံလိုက်လံ ကုသနေရကြောင်းသိ၇သည်။
နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့များ သည် ကယားပြည်နယ်တွင် ၈နေရာ၊ ကရင်ပြည်နယ်တွင် ၆နေရာ ကုသပေးနေရပြီး ရှမ်းပြည်နယ်နှင့်ပအိုဝ်းဒေသဘက်
၇ခိုင်တွင်တိုက်ပွဲစတင်သည့် နိုဝင်ဘာလ ၁၃ ရက်မှ ယခုဇန်နဝါရီ ၁၃ ရက်နေ့ အထိ (၃) လကာလအတွင်း စစ်ကောင်စီ၏ လေယာဉ်၊ လက်နက် ကြီးငယ်များဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ရသည့် ရခိုင်အရပ်သား (၈၁) ဦးရှိပြီး ထိခိုက်ဒဏ်ရာ၇သူ (၂၆၀) ဦး ရှိသည်ဟု ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် (ULA) ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး HDCO က ယနေ့ ဇန်နဝါရီ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် သေဆုံးသူ ၂၈ ဦး ဒဏ်ရာ၇သူ ၁၀၃ ဦး၊ ဒီဇင်ဘာလတွင် သေဆုံးသူ ၂၇ ဦး ဒဏ်ရာ၇သူ ၆၆ ဦးနှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် သေဆုံးသူ ၂၆ ဦး ဒဏ်ရာ၇သူ ၉၁ ဦးရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ယခုရက်ပိုင်း၌ မြောက်ဦး ၊ဘူးသီးတောင်၊ရမ်းဗြဲမြို့များ