Preview

ပုဏ္ဏားကျွန်း အောင်မြေကုန်းတွင် တိုက်ပွဲဖြစ်

ဇန်နဝါရီ ၃၁/ ၂၀၂၄ | ကြည့်ရှုသူ :2322
ရခိုင် သတင်း

ရခိုင်ပြည်၊ပုဏ္ဏားကျွန်းမြို့နယ် တောင်ဘက် အောင်မြေကုန်းကျေးရွာတွင်တိုက်ပွဲဖြစ်နေကြောင်းသတင်းရရှိသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်မြေကုန်းကျေးရွာအနီးတွင်ယနေ့ဇန်နဝါရီ ၃၁ရက်နေ့  နေ့လယ်၁ နာရီခွဲခန့်ကရက္ခိုင့်တပ်တော်(AA)နှင့်စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲဖြစ်ခဲ့သည်ဟု ကျေးရွာသားတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

" အောင်မြေကုန်းမှာတိုက်ပွဲဖြစ်နေတယ်။ စစ်ကောင်စီစစ်ကြောင်းနဲ့ ထိတွေ့ဖြစ်တာလား။ စကစ နေဗီကပစ်လို့ ကိုယ့်ဖက်ကပစ်တာလား၊ အတိကျမသိ၇သေးဘူး။ တိုက်ပွဲဖြစ်တာတော့မှန်တယ်"ဟုပြောသည်။

ယင်းအပြင် ယနေ့ ညနေ ၅ နာရီခွဲထိ သတင်းအရ တိုက်ပွဲပြင်းထန်နေပြီစစ်ကောင်စီဖက်မှ ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်သလိုစစ်တွေရွှေမင်းဂံရှိ စစ်ကောင်စီ၏ နေဗီတပ်နှင့် ခလ၇(၂၀)ဖက်မှ ပစ်ကူပေးနေသည်ဟုစစ်တွေမြို့နယ် ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

" ငှက်(လေယာဉ်)နဲ့လည်းဗုံးကြဲတိုက်ခိုက်တယ်။ အခု နေဗီနဲ့ စစ်တွေခလ၇ (၂၀)ကလည်း လက်နက်တွေနဲ့ ပစ်နေတယ်"ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့်အတွက် အောင်မြေကုန်း၊ အိုင်ဒင်ကျေးရွာနှင့်တန်းခိုးကျေးရွာများမှာကျေးရွာသားများအိုးအိမ်စွန့်ခွာနေရကြောင်းသိရသည်။

ယနေ့နံနက်က ပုဏ္ဏားကျွန်းမြို့နယ်ဆားကုန်ပုတ်ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာကိုမီးရှို့ခဲ့သလိုနေ့လယ်ပိုင်းကလည်း ၎င်းကျေးရွာ အနီးအနားကို ရွှေမင်းဂံနေဗီနှင့် ရဲတပ်ရင်း(၁၂) မှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေသည်ဟု၎င်းကျေးရွာသားကနိရဉ္စရာကိုပြောသည်။( NN-11) 

#ပုဏ္ဏားကျွန်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.