(တောင်ကုတ်မြို့ပေါ်တွင်လည်း တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်၍ တိမ်းရှောင်သူများပြားလာ)
ရခိုင်မှ ခရိုင်မြို့တစ်ခုဖြစ်သော တောင်ကုတ်မြို့မရဲစခန်းကိုလည်း ရက္ခိုင့်တပ်တော် (AA) က လာရောက်တိုက်ခိုက်မည်ကို စိုးရိမ်၍ မာန်အောင်မှ ရဲများကို ခေါ်ယူ ပူးပေါင်းထားကြောင်း သိ၇သည်။
ယမန်နေ့ ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်းက မာန်အောင်မြို့မှ ရဲများနှင့် မာန်အောင်တွင် လာရောက်ပူးပေါင်းနေသာ ရမ်းဗြဲ ကျောက်နီမော်မှ ရဲများကို တောင်ကုတ်မြို့မ ရဲစခန်းသို့ စက်လှေဖြင့်ပို့လိုက်ခြင်းဖြစ်
“မာန်အောင်ကို ပူးပေါင်းဖို့ရောက်နေတဲ့ ကျောက်နီမော်က ရဲတပ်သားတွေနဲ့ မာန်အောင်က ရဲသားတွေကို တောင်ကုတ်ရဲစခန်းကို ကာကွယ်ဖို့ မနေ့က အရေးပေါ်ခေါ်သွားပါတယ်။ စက်လှေနဲ့သွားကြတာပါ။ အင်အားက ၆၀ လောက်ပါတယ်”ဟုဆိုသည်။
အဆိုပါ ရဲသားအင်အား ၆၀ ခန့်သည် ယမန်နေ့ နံနက် ၁၀ နာရီကျော်ခန့်တွင် တောင်ကုတ်မြို့ ရောက်လာခဲ့သည်ဟုလည်း တောင်ကုတ် သင်္ဘောဆိပ်အနီးတွင် နေထိုင်သူတစ်ဦးကပြောသည်။
“မနေ့က ၁၀ နာရီကျော်လောက်က ရောက်ကြပါတယ်။ ရွှေလင်းယုန်ဆိပ်ကမ်းကို ရောက်တာပါ။ တောင်ကုတ်ရဲစခန်းကို သွားမသွားတော့ အတည်မပြုနိုင်ဘူး။ ရဲတွေတော့ မာန်အောင်ဘက်က ရောက်လာကြတယ်”ဟု ပြောသည်။
လက်ရှိတွင် တောင်ကုတ်မြို့ပေါ်မှ ဒေသခံ ၆၅ ရာခိုင်နှုန်းခန့်သည့် မြို့ပေါ်တွင် တိုက်ပွဲ ဖြစ်ပွားလာမည်ကို စိုးရိမ်၍ နယ်များကို ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု မြို့ခံတစ်ဦးကဆိုသည်။
“တောင်ကုတ်မြို့က အခု တိတ်ဆိတ်နေပါတယ်။ အခုလည်း ပြေးနေကြပါတယ်။ စက်လှေတွေနဲ့ နယ်ဘက်တွေကို အခုလည်းပြေးနေကြပါတယ်။ ရမ်းဗြဲတို့၊ ပေါက်တောတို့လို ဖြစ်မှာကြောက်လို့ နယ်တွေဘက်ကို ထွက်ပြေးနေကြပါတယ်။ စစ်တပ်ကလည်း ပစ်ရင် မြို့ပေါ်ကိုပဲ ပစ်တာကိုး”ဟုဆိုသည်။
တောင်ကုတ်မြို့ပေါ်ရပ်ကွက်များ
“ရဲသား ၃ ယောက်လောက်ပါတယ်။ ကျန်တာက စစ်သားတွေပဲ။ အရင်တုန်းက ညဘက်ပဲ စစ်ကြတယ်။ အခုက နေ့ဘက်ပါ လာစစ်ကြတယ်။ အိမ်ထောင်စု စာရင်းမှာရှိတဲ့ လူကိုစစ်ပြီး မရှိရင် ဘယ်သွားလဲ အသေးစိတ်မေးတယ်။ ဗုံးကျင်းတူးထားရင် ပြန်ဖို့ခိုင်းတယ်။ ငွေ ၂ သောင်းပေးသူပေး၇၊ ၃ သောင်းပေးသူ ပေးရတယ်။ လမ်းပေါ်မှာလည်း လူတွေ သိပ်မရှိကြတော့ဘူး” ဟုပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်၊ ညနေ ၅ နာရီကျော်အချိန်ခန့်က တောင်ကုတ်မြို့နယ်မှ မအီမြို့မ ရဲစခန်းကို ရက္ခိုင့်တပ်တော်က RPG နှင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်
ထို့အပြင် တောင်ကုတ်မြို့နယ်ရှိ တာဝန်ကျစစ်ဆေးရေးဂိတ်များက စစ်သား ၁၂ ဦးသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက် နံနက်ပိုင်းကလည်း လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသွားသေးသည်ဟုလည်း သိ၇သည်။
ထို့ကြောင့် စစ်ကောင်စီသည် တောင်ကုတ်မြို့မ ရဲစခန်းကို ရက္ခိုင့်တပ်တော်က တိုက်ခိုက်မည်ကို စိုးရိမ်၍ ရဲစခန်းတွင် အင်အားဖြည့်နေခြင်းဖြစ်ကြောင်း ဒေသခံများကပြောကြသည်။(NN-3)