Preview

ကျောက်ဖြူတိုက်ပွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် အနည်းဆုံး အရပ်သား ၆ ဦး ဒဏ်ရာရ

ဖေဖော်ဝါရီ ၀၁/ ၂၀၂၄ | ကြည့်ရှုသူ :2886
ရခိုင် သတင်း

၇ခိုင်ပြည်၊ကျောက်ဖြူမြို့နယ်တွင် ယနေ့ နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ပွားနေစဉ် အမှတ်(၃၂) ရဲတပ်ရင်းမှ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့်အနည်းဆုံးအရပ်သား ၆ ဦးခန့်ဒဏ်ရာရရှိသွားကြောင်းသတင်းရရှိသည်။

ဒဏ်ရာရရှိသွားသူများမှာအုန်းတောကျေးရွာမှ ကားသမားကိုညီညီနိုင်(၂၃)နှစ်၊ မင်းတက်တောင်နှင့် အုန်းတောကျေးရွာမှကားဖြင့်လိုက်ပါလာသည့်အမျိုးသမီးများနှင့် ကုလဘာ(အူချေ)ရွာမှ အသက်(၄၀)ဝန်းကျင်အမျိုးသားတစ်ဦးတို့ဖြစ်ကြောင်းသိ၇သည်။

" လက်နက်ကြီးကျည်ထိတာအနည်းဆုံး ၆ ယောက်လောက်ဒဏ်ရာရသွားတယ်။ အူချေရွာက တစ်ယောက် ဒဏ်ရာရတယ်။ကားသမား ကိုညီညီနိုင်လည်းဒဏ်ရာရသွားတယ်။ ဇင်ချောင်းက ဈေးဝယ်ပြီးပြန်လာတဲ့ကားနှစ်စီးမှာပါလာတဲ့ အမျိုးသမီးတွေလည်း   ဒဏ်ရာရသွားတာပါ။ ကားပေါ်မှာက ဈေးဝယ်ပြီးပြန်လာတဲ့အမျိုးသမီးတွေများတယ်" ဟု အုန်းတောဝက်ဆံကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။

ယနေ့မနက်၁၁ နာရီဝန်းကျင်ကပင် ညနေ ၃ နာရီကျော်ထိ မလကျွန်း၊ ပြင်ရှည်ရွာသစ်နှင့်ကျောက်ဖြူ တောင်ကြားရှိ ရေမျက်တွင်ရက္ခိုင့်တပ်တော် (AA)နှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲ အပြင်းထန်ဖြစ်ပွားခဲ့ခြင်း  ဖြစ်သည်။

တိုက်ပွဲဖြစ်ပွားနေစဥ်နေ့လယ် ၂ နာရီကျော်အချိန်က အုန်းတောကျေးရွာနှင့် မင်းတက်တောင် ကျေးရွာသို့ ပြန်မည့် ကားနှစ်စီးမှာ ကုလဘာ(အူချေ)ရွာအနီးကားလမ်းတွင်ရပ်၍ စောင့်ဆိုင်းနေစဥ် အမှတ် (၃၂) ဒိုးတန်းတောင် ရဲတပ်ရင်းမှပစ်ခတ်သည့်လက်နက်ကြီးနှစ်လုံး ကျရောက်ပေါက်ကွဲပြီး ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်းသိ၇သည်။

"ကားကနှစ်စီးပါ။မင်းတက်တောင်က တစ်စီးနဲ့ အုန်းတောကတစ်စီးပါ။ တိုက်ပွဲဖြစ်နေလို့ ရွာကို မသွားသေးဘဲ အူချေနားကကားလမ်းမှာရပ်ထားတာ။ အဲဒါမှာ အူချေရွာနားကို  လက်နက်ကြီး ကျတယ်။ ကျည်စတွေထိပြီးတော့ ဒဏ်ရာ၇သွားတာ" ဟု ပြောသည်။

အုန်းတောကျေးရွာမှကားသမားကိုညီညီနိုင်တွင် ခါးနှင့်လက်မောင်းများတွင်ဒဏ်ရာရရှိသွားပြီး ကျန်သည့် အမျိုးသမီးများတွင်လည်းခြေနှင့်လက်များတွင် လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာ ရရှိသွားကြောင်းသိ၇သည်။

ဒဏ်ရာရရှိသွားသည့်အရပ်သားများကိုမင်းပြင်ဆေးရုံနှင့် ဇင်ချောင်းတိုက်နယ်ဆေးရုံများသို့ ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေရကြောင်း သိရှိ၇သည်။

ယနေ့မနက်ပိုင်းကရေမျက်တွင် အင်အား (၃၀) လောက်ရှိသည့် စစ်ကြောင်းတစ်ခုကို ရက္ခိုင့်တပ်တော်က စတင်တိုက်ခိုက်ရာမှ နှစ်ဘက်တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းဒေသခံများကပြောသည်။ (NN-23)

 

 


#ကျောက်ဖြူ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.