ရခိုင်စစ်ရေးအရှိန်မြင့်တက်လာမှုနှင့်အတူ ရခိုင်မြို့တော် စစ်တွေတွင် ညမထွက်၇အမိန့်ကို စစ်ကောင်စီက ယနေ့ညတွင် ထုတ်ပြန်ကြေညာလိုက်သည်။
ညမထွက်၇သည့်အချိန်မှာည ၉နာရီမှ နံနက် ၄နာရီထိဖြစ်သည်ဟု မြို့ခံများကပြောသည်။
၎င်းညမထွက်ရ အမိန့်ကို ယနေ့ဖေဖော်ဝါရီ ၁ရက်နေ့ ညနေ ၅နာရီခန့်က စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်
" ညနေ ၅နာရီလောက်ကဆိုက္ကားနဲ့လည်ပြီးတော့ညမထွက်ရလို့
ရခိုင်တွင် မြို့အများအပြားတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ တပ်မ၊တပ်ရင်းများကို ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
လက်ရှိ ရက္ခိုင့်တပ်တော်မှ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့တို့ရှိတပ်ရင်း တပ်ဖွဲ့များကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တပ်ရင်းအများအပြားကို သိမ်းပိုက်ရရှိထားပြီးအဆိုပါ စစ်ပွဲများ၏ ဂယက်မှာ စစ်တွေမြို့အထိပါ ရိုက်ခတ်လာသဖြင့် မြို့ကို စွန့်ခွာသွားကြသူများရှိသလိုလုံခြုံရေးကို အထူးတင်းကြပ်လာသည်ဟု သိရသည်။
စစ်တွေမြို့တွင် ညဖက်ဆိုလျှင်သေနတ်ပစ်ခံများကြားရပြီး စစ်ဖက်သုံးလေ ယာဉ်အတက်အဆင်း သံများ ကိုညစဉ်လိုလိုကြားရသည်ဟုစစ်တွေမြို့ခံတစ်ဦးကပြောသည်။
" ည နေဖက် ဆိုရင်ခရီးသည်ယာဉ်တွေဆင်းသံလည်းကြား
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်းစစ်တွေမြို့