Preview

ဘူးသီတောင်မြို့နယ်မှ အကြီးဆုံးတောင်ဘဇားနယ်ခြားစောင့်စခန်းက အင်အား ၃၀၀ခန့် ရက္ခိုင့်တပ်တော်ထံလက်နက်ချ

ဖေဖော်ဝါရီ ၀၃/ ၂၀၂၄ | ကြည့်ရှုသူ :16450
ရခိုင် သတင်း

၇ခိုင်အနောက်ဘက်နယ်စပ် ဘူးသီးတောင်မြို့နယ်မြောက်ပိုင်းမှအကြီးဆုံး နယ်ခြားစောင့် စခန်းတစ်ခုဖြစ်သည့် တောင်ဘဇားနယ်ခြားစောင့်စခန်းမှ မိသားစုများအပါအဝင် လူပေါင်း ၃၀၀ ခန့်သည် ရက္ခိုင့်တပ်တော် ( AA)ထံ လက်နက်ချသွားသည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်အရ သိ၇သည်။

“ လက်နက်ချတဲ့အထဲမှာရဲရော၊ စစ်သားတွေရောပါတယ်လို့ သိရပါတယ်။ မိသားစုနဲ့ ပေါင်းရင် အင်အား ၃၀၀ လောက်ရှိတယ်လို့ကြား၇ပါတယ်။ ဒီနေ့ချသွားတာပါ”ဟု ပြောဆိုသည်။

၎င်းတောင်ဘဇားနယ်ခြားစောင့်စခန်းသည် ဘူးသီးတောင်မြို့နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင်အကြီးဆုံး စခန်းကြီးတစ်ခုဖြစ်ပြီး နယ်ခြားစောင့်တပ်ဖွဲ့၏အရေးပါသော ဗျူဟာ စခန်းတစ်ခုဖြစ်ကြောင်း သိ၇သည်။

နိရဉ္စရာသတင်းဌာနသို့ နောက်ထပ် သတင်းရင်းမြစ်တစ်ခုကလည်းတောင်ဘဇားနယ်ခြားစောင့် စခန်းတစ်ခုလုံး လက်နက်ချသွားသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူထံဆက်သွယ် မေးမြန်းနေဆဲဖြစ်ပါသည်။

လက်ရှိတွင်ဘူးသီးတောင်မြို့ အနီးဝန်းကျင်တွင်လည်း တိုက်ပွဲများဖြစ်ပွားနေပြီး မြို့၏တောင်ဘက်  စိုင်းတင်တံတားအနီးတွင် တိုက်ပွဲမှာပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေကြောင်း သိရှိနေသည်။

ဘူးသီးတောင်မြို့တွင်စစ်ကောင်စီ အမှတ်( ၁၅) စစ်ဗျူဟာကွပ်ကဲမှုဌာနချုပ် (ဒေသအခေါ် တပ်မ)၊  ခလ၇ (၂၆၃)၊ ခမ၇ (၅၆၅)၊ ခမ၇ (၅၆၄)နှင့် အမြောက်တပ်ရင်း (၃၇၈) တို့ အခြေစိုက်ထားသည်။

၎င်းတပ်မနှင့်တပ်ရင်းအချို့မှ လက်နက်ကြီးကျည်များဖြင့် တိုက်ပွဲဖြစ်ပွားရာသို့ ပစ်ကူပေးသည့်အပြင်ဂျက်ဖိုက်တာများဖြင့်လည်း ဗုံးကြဲ တိုက်ခိုက်မှုများလည်း ရှိနေသဖြင့်အနီးအနားရှိ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိ၇သည်။

 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.