တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

မောင်တောမြို့ဝင် နယ်ခြားစောင့်တပ်မှ အကြီးအကျယ်ပစ်ခတ်သံကြားရ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၃ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.2k

ရခိုင်အနောက်ဘက်နယ်စပ် မောင်တောမြို့အဝင်နယ်ခြားစောင့်တပ်မှ လက်နက်ပစ်ခတ်သံများ ယနေ့နံနက်က အကြီးအကျယ် ထွက်ပေါ်ခဲ့ကြောင်းသတင်းရရှိသည်။

မောင်တောမြို့ မြို့သူကြီးကျေးရွာဟောင်းရှိ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ-၅ တပ်ရင်းဖက်မှ ယနေ့ ဖေဖော်ဝါရီ ၃ရက်နေ့နံနက် ၅နာရီခန့်က ပစ်ခတ်သံများကိုကြားခဲ့ရသည်ဟု မောင်တောမြို့ခံ တစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

" မနက်၅နာရီလောက်က ကျနော်တို့လက်နက်ကြီး ငယ်ပစ်သံတွေ ကြားလိုက်ရတယ်။ တိုက်ပွဲ ဖြစ်တာက တခြားနေရာမှာဖြစ်တာ ဒီမြို့သူကြီးနယ်ခြားစောင့် က လက်နက်ပစ်ကူ ပေးတာထက်တယ်။ ဖုန်းလိုင်းတွေက မကောင်းတော့ အကြောင်းရင်းစုံကိုမသိရပါဘူး " ဟုပြောသည်။

မောင်တောမြို့နယ် မြောက်ပိုင်းတွင်လည်း တိုက်ပွဲဖြစ်ပွားမှုများရှိနေသည်ဟု သိရသည်။

ယင်းအပြင် မောင်တောမြို့ အမှတ်(၄)ရပ်ကွက်တွင်ဖေဖော်ဝါရီ ၁ရက်နေ့က  စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေအိမ်တစ်ချို့ကိုဝင်ရောက်စစ်ဆေးမှုရှိခဲ့သည်ဟု မောင်တော မြို့ခံ မွတ်ဆလင်တစ်ဦးက နိရဉ္စရာကို ပြောသည်။

"  မြို့ထဲကမြေစာရင်းရုံးနားမှာ ဘုန်းကြီးကျောင်းရှိတယ်။ အဲ့ဒီကျောင်းမှာနေတဲ့စစ်သားတွေ လာပြီး စစ်တာရှိခဲ့တယ်။ အဲ့ဒီဘုန်းကြီး‌ ကျောင်းမှာ‌ နေတဲ့စစ်သားတွေကမြို့သူကြီးဖက်က လာနေတဲ့ စစ်သားတွေလို့ ကြားမိတယ်။ အဖမ်းဆီးမရှိခဲ့ပေမယ့်  ကျနော်တို့ကြောက်နေကြရတယ်" ဟုပြောသည်။

လက်ရှိမောင်တောမြို့ပေါ်ရပ်ကွက် (၁)၊ရပ်ကွက် (၃)နှင့်ရပ်ကွက် (၄)မှ ‌မြို့ခံတစ်ချို့မြို့ပေါ် တိုက်ပွဲ ဖြစ်လာမည်စိုးရိမ်၍ ဘေးလွတ်ရာကိုထွက်ပြေးနေကြကြောင်းသိရသည်။

မောင်တောမြို့နယ်မြောက်ပိုင်း နယ်စပ်အနီးဖြစ်ပွားနေသော တိုက်ပွဲများက ပစ်ခတ်သော လက်နက်ကြီးမော်တာကျည်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ကျရောက်ပေါက်ကွဲမှုများ ရှိနေသဖြင့် အနည်းဆုံး ဘင်ဒရိုဘင်ခရိုင် နယ်စပ်အတွင်းက စာသင်ကျောင်း (၅) ကျောင်းခန့် ပိတ်ထားရပြီး နယ်စပ်တစ်လျှောက်တွင်လည်း ဘင်္ဂလာဘက်က လုံခြုံရေးတိုးမြင့်ကာ တပ်လှန့်ထားကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းစာများတွင် ရေးသားဖော်ကြသည်။ (NN-11) 

ဆက်စပ် သတင်းများ