Preview

စစ်ရဟတ်ယာဉ်ပျက်တစ်စီးနှင့် ရက်(၁၀၀) ပြည့်စစ်ရေးသတင်း ညီနောင်သုံးဖွဲ့ထုတ်ပြန်လာ

ဖေဖော်ဝါရီ ၀၄/ ၂၀၂၄ | ကြည့်ရှုသူ :7445
ရခိုင် သတင်း

ပစ်ချထားပုံရသော စစ်ရဟတ်တစ်စီးနှင့်အတူရက္ခိုင့်တပ်တော်( AA ) တပ်ဖွဲ့ဝင်များ၏ ဓာတ်ပုံဖြင့်  စစ်ရေးသတင်းများကိုညီနောင်မဟာမိတ် ၃ ဖွဲ့က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်၊ ရက် (၁၀၀) ပြည့်နေ့တွင် ထုတ်ပြန်လာသည်။

ထိုသို့ ဓာတ်ပုံအား ထုတ်ပြန်လာသော်လည်းရဟတ်ယာဉ်နှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ ရေးသားဖော်ပြခြင်းမရှိပါ။

၁၀၂၇ စစ်ဆင်ရေး ရက် (၁၀၀) ပြည့်နေ့တိုက်ပွဲသတင်းများထုတ်ပြန်ရာတွင် ရက္ခိုင်ဒေသတွင်းရှိ ရက္ခိုင့်တပ်တော်မှ တစ်ဝက်တစ်ပျက် (သို့) အနည်းငယ်မျှသာသိမ်းပိုက်ရယူရန် ကျန်ရှိနေသေးသည့် စစ်ကောင်စီ၏ တပ်မဌာနချုပ်များအပါအဝင် တပ်ရင်းများကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်းနှင့် ရမ်းဗြဲမြို့တွင် စစ်ကောင်စီတပ်သားများက မြို့ပေါ်ရပ်ကွက်များအထဲသို့ ဝင်လာပြီး လူနေအိမ်များကို ဆက်လက်မီးရှို့ခဲ့သည်ဟု ဖော်ပြသည်။

ဖေဖော်ဝါရီ ၃ ရက် ညနေ (၅) နာရီ (၂၀) မိနစ်အချိန်ခန့်၌ ရမ်းဗြဲမြို့၊ သိမ်တောင်ဘုရား ကုန်းမှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့ပေါ်ရပ်ကွက်တွင်းသို့ ဝင်ရောက်လာပြီး အရပ်သားပြည်သူများ၏ နေအိမ်များကို တမင်တကာ လူမဆန်စွာ ဖက်ဆစ်စိတ်ဓါတ်အပြည့်ဖြင့် မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း၊  ထိုသို့ ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ရမ်းဗြဲမြို့၊ အမှတ် (၄) ရပ်ကွက်မှ လူနေအိမ်အချို့မှာ မီးလောင်ပျက်စီးခဲ့ရကြောင်း ဖော်ပြထားသည်။  

ယခင်ရက်များကလည်း ရမ်းဗြဲမြို့နှင့် အနီးအနားနေရာများသို့ စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ကြောင့် မြို့ပေါ်ရပ်ကွက်တွင်းရှိ နေအိမ်အချို့နှင့် အဆောက်အအုံများမှာ မီးလောင်ပျက်စီးခဲ့၇ပြီးဖြစ်သည်ဟု ဆိုသည်။

တအာင်းဒေသတွင် မိမိတို့ဖက်မှ စစ်ကောင်စီတပ်စခန်းများအား ဆက်လက်ထိုးစစ်ဆင်ခြင်း မပြုလုပ်သော်လည်း စစ်ကောင်စီ၏ တစ်ဖက်သတ်ရန်စထိုးစစ်ဆင်ခြင်းများသည် ဆက်လက် ရှိနေခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၃ ရက်  နံနက် (၉) နာရီအချိန်တွင် တအာင်းပြည်နယ်၊ တပ်မဟာ (၂) စစ်ဒေသ၊ တအာင်းတပ်မတော် (TNLA ) ၏ တပ်ရင်း (၇၁၇) အား စစ်ကောင်စီသည် ဂျက်ဖိုက်တာဖြင့် ဗုံး (၂) လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် မိမိတို့ တပ်ဖွဲ့ဝင် (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။

၁၀၂ရစစ်ဆင်ရေး၏ (၃) လကျော်ကာလသို့ရောက်ရှိလာသည်နှင့်စစ်ဆင်ရေးရက်ပေါင်း (၁၀၀) ပြည့်သောနေ့၌ရှမ်းမြောက်မှလွဲ၍မြန်မာနိုင်ငံအနှံ့တွင်စစ်ကောင်စီနှင့်စစ်ကောင်စီကိုအလိုမရှိသောတော်လှန်ရေးတပ်ဖွဲ့များအကြားစစ်အာဏာရှင်တိုက်ဖျက်ရေး (ဝါ) စစ်အာဏာရှင်စနစ်အလိုမရှိသောတိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိသည်ဟုဆိုသည်။

စစ်ကောင်စီအနေဖြင့် ရှမ်းမြောက်တွင် မိမိတို့ ညီနောင်မဟာမိတ်(၃) ဖွဲ့၏ ထိုးစစ်များကို မကြုံရသော်လည်း ရက္ခိုင်ဒေသ တွင်မူ ရက္ခိုင့်တပ်တော်၏ ရပ်တန့်မှုမရှိသော နေ့စဉ်ရက်ဆက် ထိုးစစ်များကို ဆက်လက်ကြုံတွေ့နေရကြောင်း၊  ဤမြင်ကွင်း များမှာ စစ်ကောင်စီ၏ နယ်မြေစိုးမိုးမှု၊ အုပ်ချုပ်ရေးယန္တရားနှင့် ဗျူဟာမြောက်စစ်စခန်းများ တစ်ခုပြီးတစ်ခု ဆုံးရှုံးနေ၇ သည့် မြင်ကွင်းများသာဖြစ်ကြောင်း၊  ထို့အပြင် စစ်ကောင်စီ တစ်ဖြစ်လဲ အထူးသဖြင့် မင်းအောင်လှိုင် (သို့မဟုတ်) မြန်မာ့တပ်မတော်၏ နောက်ဆုံးခေါင်းဆောင်လက်ထက်တွင် မြန်မာ့တပ်မတော်၏ ပကတိဖြစ်ပျက်နေသောမြင်ကွင်း၊ စစ်ကောင်စီ၏ နောက်ဆုံးနေဝင်ချိန်မြင်ကွင်းများသာဖြစ်သည်ဟု ဖော်ပြထားသည်။

၁၀၂၇ စစ်ဆင်ရေး ရက် (၁၀၀) ပြည့်သည့်နေ့တွင် ညီနောင်မဟာမိတ် (၃) ဖွဲ့၏ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များမှာ ယခင်အတိုင်း ပြောင်းလဲခြင်းမရှိသည့်နည်းတူ မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားသောဆန္ဒနှင့် ထပ်တူထပ်မျှရှိပါ ကြောင်းနှင့် လုပ်သင့်လုပ်ထိုက်သည်များကိုလည်း တစ်ရက်မှမပျက် ဆက်လက်လုပ်ဆောင်နေပါကြောင်း လေးစားစွာ ဖြင့် အသိပေးအပ်ပါသည်ဟု ဖော်ပြပါရှိသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.