အင်္ဂါ၊ မေလ ၂၈ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းတွင် ဇက်နေဗီမှ ကမ်းပေါ်တက်လာသည့်စစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့တိုက်ပွဲဖြစ်


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၄ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 4.4k

(စစ်ကောင်စီက လက်နက်ကြီးကျည်စထိမှန်၍ ကလေးနှစ်ယောက်မိခင်တစ်ဦးသေဆုံး)

ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်မြေကုန်းကျေးရွာအနီးတွင် ဇက်နေဗီမှ ကမ်း‌ပေါ်တက်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

 ယနေ့ဖေဖော်ဝါရီ ၄ ရက်  နံနက် ၁၀နာရီကျော်ခန့်က ဇက်နေဗီမှ  စစ်ကောင်စီ တပ်သားများ ကမ်းပေါ်တက်လာရာမှ ရက္ခိုင့်တပ်တော်(AA)တို့က ကြားဖြတ်တိုက်ခိုက်၍ တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်ဟု ပုဏ္ဏားကျွန်းဒေသခံ တစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

"  ဇက်နေဗီတစ်စီးက စစ်သား ၁၀၀ လောက် ကမ်းပေါ်ကို တက်လာလို့ တိုက်ပွဲဖြစ်တာ။ လက်ရှိ တိုက်ပွဲပြင်းထန်နေပါတယ်။ စစ်တွေရွှေမင်းဂံ စစ်ကောင်စီ နေဗီဆိပ်ကမ်းကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်နေတယ် " ဟု ၎င်းက ယနေ့ နံနက် ၁၁ နာရီကျော်ခန့်က ပြောသည်။

စစ်ကောက်စီ စစ်တွေအခြေစိုက် ခမရ( ၃၅၄) တပ်ရင်းအပါအဝင် တစ်ခြားတပ်ရင်းများက  ညဘက်ဆိုလျှင် လက်နက်ကြီးများဖြင့် လျှောက်ပစ်နေသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ရက် ညအချိန်ကလည်း တိုက်ပွဲဖြစ်ပွဲခြင်းမရှိဘဲ စစ်တွေမြို့နယ် ပါဒလိတ် အမှတ် (၂၃၂)တပ်ရင်းမှ လက်နက်ကြီးများဖြင့်ပစ်ခတ်၍  ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင် ကျေးရွာမှ ဒေါ်မအေးအေးဝင်း၏ ဦးခေါင်းတွင် ကျည်စထိမှန်ပြီး သေဆုံးသွားခဲ့သည်ဟု ကွမ်းတောင်ကျေးရွာသား တစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

" ပါဒလိတ်ဖက်က လက်နက်ကြီးတွေနဲ့ ပစ်လို့ ရွာထဲတစ်လုံးကျတယ်။  ရွာထဲက ကလေးနှစ်ယောက်အမေ မအေးအေးဝင်းမှာ ခေါင်းမှာကျည်စထိလို့သေသွားပါတယ်။ မနေ့ညကပါ။ " ဟုပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊အောင်မြေကုန်းကျေးရွာနှင့်‌ အောင်ဇေယျကျေးရွာအနီးတွင် ယနေ့ဇန်နဝါရီ ၃၁ ရက်နေ့ ကတည်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ ဖေဖော်ဝါရီ ၄ရက်နေ့တွင်လည်း ထပ်မံ  တိုက်ပွဲ ဖြစ်ပွားလာခြင်း ဖြစ်သည်ဟု‌ ဒေသခံများကပြောသည်။

ပြီးခဲ့သည့်‌ ဖေဖော်ဝါရီ ၁ရက်နေ့ကတည်းက စစ်ကောင်စီ ဇက်နေဗီသည် ပုဏ္ဏားကျွန်း မြို့နယ်ဘက်သို့ ကမ်းကပ်ရန်ကြိုးစားခဲ့ပြီး စစ်တွေရွှေမင်းဂံ ရေတပ်စခန်း၊ ကန်တော်ကြီးအခြေစိုက် ခမရ (၃၅၄)နှင့် ရဲတပ်ရင်း (၁၂) ကလည်း လက်နက်ကြီး/ငယ်များဖြင့် အဆက်မပြတ် ပစ်ခတ်ပေးခဲ့ကြောင်း စစ်တွေမြို့ခံများက ပြောသည်။(NN-11) 

ဆက်စပ် သတင်းများ