မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် (၁၄) ဦးသည် အသက်ချမ်းသာရရန်တိုက်ပွဲကြားထဲမှ လက်နက်များနှင့် အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ကြသည်ဟုဘင်္ဂလာမီဒီယာများတွင် ဓာတ်ပုံနှင့်တကွ ရေးသား ဖော်ပြကြသည်။
ယနေ့ နံနက်၁၀ နာရီခန့်က မြန်မာနယ်ခြားစောင့်တပ် (BGP) အဖွဲ့ဝင် ၁၄ ဦးသည်ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းသို့ ဖြတ်ကျော်ဝင်ရောက်ကာ ဝင်ရောက်လာခဲ့သည်ဟု ဆိုသည်။
ရက္ခိုင့်တပ်တော်( AA)က တောင်ပြိုမြို့ နယ်ခြားစောင်စခန်းကို ဝင်တိုက်ခိုက်ရာမှထွက်ပြေးလာကြသူများဖြစ်ကြောင်း သတင်းများတွင် ရေးသားဖော်ပြကြသည်။
မြန်ဘက်ခြမ်းမှ သေနတ်သံများကြားတွင်ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို တွေ့၇သည်ဟု ဒေသအတွင်းက အိုကီးယားနယူးစ်တွင် ဖော်ပြသည်။