(နယ်စပ်တိုက်ပွဲအပေါ် စိတ်ရှည်သည်းခံကြရန် ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်တပ်များကို ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ညွှန်ကြားထားဟုတုံ့ပြန်)
၇ခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် လွှတ်တော် အတိုက်အခံအကြီးအကဲမူဂျာဘူလ်ဟပ်ချန်နူးက အစိုးရအား ယမန်နေ့က မေးမြန်းခဲ့သည်ဟု သိ၇သည်။
အဆိုပါ မေးခွန်းနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ဘင်္ဂလားဒေ့ရှ်နယ်စပ် အနီး မြန်မာပြည်တွင်း၌ ဖြစ်ပွါးနေသော မြန်မာစစ်တပ် နှင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တို့ တိုက်ပွဲများနှင့်ပတ်သက်၍ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်တပ်များနှင့်နယ်စပ်လုံခြုံရေး တပ်များအနေဖြင့် စိတ်ရှည်သည်းခံပေးရန်ညွှန်ကြားထားသည်ဟု တရားရေးဝန်ကြီးအနီဆူလ် ဟပ်က တုံ့ပြန်ဖြေဆိုခဲ့သည်။
မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်နယ်စပ်တွင် ဖြစ်ပွားနေသောတိုက်ပွဲများထဲက လက်နက်ကြီးကျည် များကျရောက်ပေါက်ကွဲ ၍ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းတွင်အမျိုးသမီးတစ်ဦးအပါအဝင် လူ ၂ ဦးသေဆုံးပြီးနယ်စပ်နေ ပြည်သူများလည်း ဘေးလွတ်ရာကို ထွက်ပြေးနေကြ၇သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်လွှတ်တော်တွင် မြန်မာနယ်စပ်အရေးနှင့်တိုက်ပွဲများနှင့် ပတ်သက်ပြီး အတိုက်အခံအကြီးအကဲ မူဂျာဘူလ်ဟပ် ချန်နူးက အစိုး၇အား မေးမြန်းခဲ့ခြင်းဖြစ်သည်။
၎င်း မေးမြန်းချက်ကို ပြည်ထဲရေးဝန်ကြီးကိုယ်စားတရားရေးဝန်ကြီး အနီဆူလ် ဟပ်က ဖြေကြားရာတွင် ယခုကဲ့သို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက လက်နက်ကိုင် တပ်များအားလုံးကိုစိတ်ရှည်သည်းခံကြရန် ညွှန်ကြားထားသည်ဟု တုံ့ပြန် ပြောဆိုသည်။
၎င်းပြင် “ ဘင်္ဂလားဒေ့ရှ်က အခြေအနေကိုအနီးကပ်စောင့်ကြည့်နေပြီး တစ်ဆင့်ချင်း လုပ်ဆောင်သွားပါမယ်”ဟုသူက ဆိုသည်။
ပြီးခဲ့သည့်တနင်္လာနေ့က မြန်မာနယ်ခြားစောင့်ရဲ ၇၈ ဦးသည် ဘင်္ဂလားဒေ့ရှ်နယ်မြေထဲသို့ဝင်လာကြကြောင်း၊ အချို့မှာ ဒဏ်ရာ၇ထားကြောင်း၊ ၄င်းတို့ကိုစာသင်ကျောင်းတစ်ခုအတွင်း နေရာပေးထားပြီး ဒဏ်ရာ၇နေသူများကို ဆေးကုသမှုပေးထားကြောင်း၊ ၄င်းတို့အား မြန်မာနိုင်ငံသို့ ပြန်ပို့ရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့်မြန်မာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရန်စီစဉ်နေကြောင်း တရားရေးဝန်ကြီး အနီဆူဟပ်က ပြောကြားခဲ့သည်။
“ သူတို့ကို ပြန်မပို့နိုင်ဘူးဆိုရင်တော့နောက်တစ်ဆင့် ဆက်လက်ဆောင်ရွက်ပါ့မယ်”ဟုသူက ဆိုသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရသည်အခြေအနေကို စောင့်ကြည့်နေပြီး တိုက်ပွဲဖြစ်ပွါးရာ မြန်မာနယ်စပ်အနီးရှိကျောင်းများကို ပိတ်ထားရန် ညွှန်ကြားထားသည်ဟု တရားရေးဝန်ကြီးဌာနကဆိုသည်။
ယနေ့ ရရှိသော သတင်းများအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးလာသည့်နယ်ခြားစောင့်တပ်ဖွဲ့ အရေအတွက်သည် ၁၁၃ ဦးအထိ ရှိသွားပြီဟု The Daily. Star သတင်းစာတွင်ဖော်ပြထားသည်။ NN-27
ref:Dhaka tribune