လက်နက်ချရာတွင် မင်းပြားမြို့ပေါ်မှ စစ်ကောင်စီ ဌာနဆိုင်ရာအကြီးအကဲများ၊စစ်ကောင်စီတပ်မှ တပ်မမှူးအပါအဝင် အရာရှိ၊ အကြပ်နှင့် စစ်သည်များ၊ ဒဏ်ရာ၇ထားသူ စစ်သား၁၀၀ ကျော် ခန့်နှင့် ၎င်းတို့၏ မိသားစုများပါဝင်ပြီး လူပေါင်း ၅၀၀ အထက်ကို ရှိနိုင်သည်ဟု၎င်းသတင်းရင်းမြစ်က ပြောဆိုသည်။
ရက္ခိုင့်တပ်တော်နှင့် နီးစပ်သူ တစ်ဦးက "မနေ့ကတည်းက သူတို့ကို လက်နက်ချဖို့ ပြောထားတာ။ သူတို့ ထဲမှာ တပ်မမှူးလည်း ဒဏ်ရာရထားပုံရတယ်။ တပ်သားတစ်ရာကျော်လောက်လည်း ထိခိုက်ထားတော့ မိသားစုတွေအပါအဝင် ၆၀၀ နီးပါး လက်နက်ချဖို့ သူတို့ပြောလာတယ်။ ဒီနေ့ မနက်ကတော့ အကုန်လုံးလက်နက်ချတယ်လို့ သိ၇ပါတယ်" ဟု ပြောသည်။
မင်းပြားမြို့တွင်လက်ကျန်တပ်ရင်းတစ်ခုဖြစ်သည့် ခမ၇ (၃၇၉)ကိုယမန်နေ့ဖေဖော်ဝါရီ ၅ရက်နေ့ညက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီ
" ၃၇၉တပ်ကိုမနေ့ညကတည်းကသိမ်းပိုက်ထားပြီးပါ
ယနေ့ဖေဖော်ဝါရီ၆ရက်နေ့ နံနက်၉နာရီခန့်ကခမ၇(၃၇၉)တပ်မှစစ်သုံ့ပန်း၁၀၀ကျော်နှင့်မိသားစုများကို ကား ၄ စီးဖြင့် ရက္ခိုင့်တပ်တော်ကခေါ်ဆောင်သွားသည်ကိုတွေ့ခဲ့၇သည်
" ကားက တော့ ၄စီး။ စစ်သားအရေတွက်ကတော့၁၀၀ကျော်လောက်ရှိမယ်။အရေအတွက် အတိကျတော့ မသိဘူး။ ကိုယ့်ဖက်ကကားတစ်စီးလည်းနောက်ကပါတယ်။ မိန်းမတွေ၊ ကလေးတွေလည်း အများကြီးပါတယ်။ စစ်ပွဲ မှာ ထိသွားတဲ့လူနာတွေလည်းပါတယ်။ကားနဲ့သွားတုန်း ကိုယ့်တပ်တော်ဖက်က လှမ်းအော်ပြီး၇ပြီလို့ အော်သံနဲ့ပြောခဲ့တယ်။ အရမ်းဝမ်းသာပါတယ်။ ခုကျနော်တို့အသွားအပြန် မြင်နေ၇တယ် " ဟုပြောသည်။
လက်နက်ချရာတွင် မင်းပြားမြို့နယ်အုပ်ချုပ်ရေးမှူးလည်း ပါဝင်ပြီးစစ်တပ်မိသားစုဝင်များနှင့် အတူ ကြက်၊ ဝက်များလည်း ပါဝင်သည်ဟု ဒေသခံတစ်ဦးမှတစ်ဆင့် သိ၇သည်။
မင်းပြားမြို့နယ်၊ရွှေလောင်ရွာ
မင်းပြားမြို့တွင် ခမ၇ (၃၈၀)၊ ခမ၇ (၃၇၉) နှင့် ခမ၇ (၅၄၁)တို့ရှိပြီး ထိုအထဲက ခမ၇ (၃၈၀) ကို ရက္ခိုင့်တပ်တော်က ဇန်ဝါရီ၂၈ ရက်နေ့ အပြီးသတ် သိမ်းပိုက် ရရှိခဲ့သည်။ယင်းနောက်ပိုင်း ကျန်ရှိနေသည့် တပ်ရင်း ၂ ခုကိုလည်း ရက္ခိုင့်တပ်တော်က ဆက်လက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိ၇သည်။