Preview

ရက္ခိုင့်တပ်တော်က ၂ လကျော် တိုက်ပွဲအတွင်း မြို့ ၅ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထား

ဖေဖော်ဝါရီ ၀၇/ ၂၀၂၄ | ကြည့်ရှုသူ :2889
ရခိုင် သတင်း

(နောက်ထပ် မြို့ ၃ မြို့လည်း AA လက်ထဲကျရောက်ရန်ရှိနေ)

ရက္ခိုင့်တပ်တော်  (AA) သည် နိုဝင်ဘာ၁၃ ရက်နေ့က စတင်ခဲ့သည့် ၇ခိုင်တိုက်ပွဲ (၂) လကျော်အတွင်း မြို့ (၅) မြို့ကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။

သိမ်းပိုက်နိုင်ခဲ့သည့် မြို့များမှာ ပလက်၀၊ ဆမီး၊ ပေါက်တော၊မင်းပြားနှင့် တောင်ပြို(လက်ဝဲ) မြို့တို့ဖြစ်ကြသည်။

နောက်ထပ် သိမ်းပိုက်ရန် တိုက်စစ်ဆင်နေသည့် မြို့များမှာမြောက်ဦး၊ ကျောက်တော်နှင့် ရမ်းဗြဲမြို့တို့ ဖြစ်ပြီး အဆိုပါ မြို့များလည်း များမကြာမီရက္ခိုင့်တပ်တော် လက်ထဲ ကျရောက်သွားရန် အခြေအနေရှိနေသည်ဟု သိ၇သည်။

ရက္ခိုင့်တပ်တော်သည် ပလက်၀မြို့ကို ဇန်နဝါရီ ၁၄ ရက်နေ့ကလည်းကောင်း၊ဆမီးမြို့ကို ဇန်နဝါရီ ၁၆ ရက်နေ့ကလည်းကောင်း၊ ပေါက်တောမြို့ကို ဇန်နဝါရီ ၁၉ ရက်နေ့လည်းကောင်း၊၊ မင်းပြားနှင့် တောင်ပြို (လက်ဝဲ)မြို့ကို ဖေဖော်ဝါရီ ၆ ရက်နေ့ကလည်းကောင်းအသီးသီးသိမ်းပိုက်ခဲ့သည်။

ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေသည့်မြို့ (၃) မြို့မှာ ကျောက်တော်၊ မြောက်ဦးနှင့် ရမ်းဗြဲမြို့တိုဖြစ်ကြပြီး များမကြာမီ၎င်းမြို့များကိုလည်းသိမ်းပိုက်ရန် နီးကပ်နေပြီဖြစ်ကြောင်း ဒေသအတွင်း စစ်ရေးအခြေအနေများကိုလေ့လာသုံးသပ်နေသူများက ပြောဆိုသည်။

ရခိုင်ရှေးဟောင်းမင်းနေမြို့တော် မြောက်ဦးတွင် ခမ၇ (၅၄၀) နှင့်  ခမ၇ (၃၇၈) တပ်ရင်းအား ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက်ထားနိုင်ခဲ့ပြီ ဖြစ်သဖြင့် ဆက်လက်သိမ်းပိုက်ရန် ခမ၇ (၃ရရ) တပ်ရင်း တစ်ခုသာကျန်ရှိပြီး များမကြာမီ သိမ်းပိုက်နိုင်တော့မည်ဟု သိ၇သည်။

ကျောက်တော်မြို့နယ်အခြေစိုက် တပ်ရင်း ၄ ရင်း ဖြစ်ကြသည့် ခမ၇ (၅၃၉)၊ အမြောက်တပ်ရင်း အမတ(၃ရရ)၊  ခမ၇ (၃၇၄)နှင့်  ခမ၇(၃၇၆) တပ်ရင်းတို့ကိုရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက်ထားပြီဖြစ်သဖြင့် စကခ (၉) နှင့် ခမ၇ (၃၇၅) တပ်ရင်းသာ ကျန်ရှိတော့သည်ဟု သိ၇သည်။

ရမ်းဗြဲမြို့တွင်လည်း စစ်ကောင်စီအင်အားအနည်းငယ်သာကျန်ရှိတော့သည်ဟု သိ၇သည်။

ရက္ခိုင့်တပ်တော်သည် နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ခဲ့သည့် ၇ခိုင်စစ်ပွဲအတွင်းစစ်ကောင်စီ ဗျူဟာကုန်းများ၊ စစ်စခန်းပေါင်း ၂၀၀ နီးပါးခန့်ကို သိမ်းပိုက်ထားပြီး ထိုအထဲတွင်စခန်းကြီးများဖြစ်ကြသည့် ဗျူဟာကုန်းများ၊ တပ်ရင်းများ အများအပြားပါဝင်သည်။

 

#ရက္ခိုင့်တပ်တော်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.