တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်သို့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် နောက်ထပ် ၆၃ ဦး ထပ်မံဝင်ရောက်ခိုလှုံလာသဖြင့် အရေအတွက် ၃၂၇ ဦးထိ ရှိလာ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၇ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 418

ဘင်္ဂလားဒေ့ရှ်သို့  ထွက်ပြေးခိုလှုံလာသူ နယ်ခြားစောင့်တပ်ဖွဲ့ဝင် နောက်ထပ် ၆၃ ဦးရှိလာသဖြင့် ယနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့ထိ မြန်မာနိုင်ငံက ထွက်ပြေးလာသူ နယ်ခြားစောင့်တပ်သား အရေအတွက်မှာ စုစုပေါင်း ၃၂၇ ဦးရှိသွားပြီဟု သိရသည်။

ထိုအထဲတွင် နယ်ခြားစောင့်တပ်သားများသာမက စစ်ကောင်စီတပ်သားများလည်း ပါဝင်သည်ဟု ဆိုသည်။

 

နောက်ဆုံးထွက်ပြေးခိုလှုံလာသည့် နယ်ခြားစောင့်တပ်သား ၆၃ ဦးသည် ယနေ့  နတ်မြစ်ကို ဖြတ်ကျော်ပြီး ကော့စ်ဘဇားခရိုင်၊ တက်ကနက်မြို့နယ်၊ ဝါးခွတ်ချောင်းဘက်ကို လက်နက်များနှင့်အတူ ထွက်ပြေးလာကြသူများဖြစ်ကြောင်း ဘင်္ဂလာသတင်းများတွင် ဖော်ပြသည်။

 

၎င်းတို့၏ လက်နက်များကို ဖြုတ်သိမ်းထားပြီး လုံခြုံမည့် နေရာသို့ ပို့ဆောင်ထားကြောင်း ဘင်္ဂလာနယ်ခြားစောင့်တပ် လူထုဆက်ဆံရေးအရာရှိ Shariful Islam ကပြောသည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို တပ်လှန့်ထားပြီး လုံခြုံရေး အထူးတိုးမြင့်ထားသည်ဟု သိရသည်။

 

ဆက်စပ် သတင်းများ