ရခိုင်ပြည်၊တောင်ကုတ်မြို့နယ်၊ ကုလားရောင်ကျွန်းအနီးရှိ လေးတောင်ဗွေကျွန်းကိုစစ်ကောင်စီက ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိ၇သည်။
ယနေ့ဖေဖော်ဝါရီလ၈ ရက်၊ ညနေ ၃ နာရီကျော်အချိန်က စစ်ကောင်စီဂျက်ဖိုက်တာတစ်စီးမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
ကုလားရောင်ကျွန်းမှဒေသခံတစ်ဦးက" ခေါင်းလောင်းတူနားက လေးတောင်ဗွေကျွန်းကိုလေယာဥ်ပျံနဲ့လာပစ်သွားတာ။ ဗုံးလည်းကြဲသွားတယ်" ဟု နိရဥ္စရာသတင်းဌာနသို့ပြောသည်။
စစ်ကောင်စီဗုံးကြဲတိုက်ခိုက်သည့်လေးတောင်ဗွေကျွန်းမှာ လူနေကျေးရွာမဟုတ်ဘဲ ဒေသခံများ၏လယ်ယာများနှင့် လယ်တဲတချို့ရှိသည့်ကျွန်းငယ်တစ်ခုဖြစ်ပြီး AA တပ်စခန်းရှိသည်ဟု ယူဆပြီး လာရောက်တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကပြောသည်။
စစ်ကောင်စီ ဂျက်ဖိုက်တာတစ်စီးမှာအဆိုပါကျွန်းပေါ်သို့ ပထမအကြိမ်တွင် စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ဒုတိယအကြိမ်တွင် ဗုံးကြဲချခဲ့ခြင်းဖြစ်ကြောင်းသိ၇သည်။
ကုလားရောင်ကျေးရွာဒေသခံတစ်ဦးက"ပထမအကြိမ်မှာ စက်သေနတ်ပစ်သံမျိုး ဆက်တိုက် ကြားရတယ်။ ဒုတိယအကြိမ်မှာတော့ ဗုံးကြဲတဲ့ပေါက်ကွဲသံကြီးကြားရတယ်။ တိုက်ပွဲဖြစ်တာမျိုးတော့ မရှိပါဘူး။ဒီအတိုင်းလာပစ်သွားတာ။တပ်တော်ဘက်ကစခန်းရှိတယ်လို့ယူဆပြီးတော့ လာပစ်တာ ထင်တယ်ဗျ။"ဟု ပြောသည်။
စစ်ကောင်စီဂျက်ဖိုက်တာဖြင့်ဗုံးကြဲသည့်အသံအား တောင်ကုတ်မြို့ပေါ်ကအထိကြားခဲ့၇ကြောင်း မြို့ခံများကပြောသည်။
" ဗုံးကြဲတဲ့အသံကတောင်ကုတ်မြို့ပေါ်ကပဲကြားခဲ့ရတာပါ။ ထိခိုက်ဒဏ်ရာရရှိမှု ရှိ မရှိဆိုတာတော့ မသိ၇သေးဘူး" ဟု တောင်ကုတ်မြို့ခံလူငယ်တစ်ဦးကပြောသည်။
တောင်ကုတ်မြို့နယ်တွင်လေယာဉ်နဲ့ ဗုံးကြဲသည့်ဖြစ်စဥ်အထိရှိလာသဖြင့် တောင်ကုတ်မြို့ပေါ်မှပြည်သူများမှာလည်းစိုးရိမ်မှုရှိနေကြကြောင်း သိ၇သည်။
(NN-23)