Preview

မောင်တောတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် ရဲတပ်သားများ နေ့စဥ်ဆိုသလို ထွက်ပြေးနေ

ဖေဖော်ဝါရီ ၀၈/ ၂၀၂၄ | ကြည့်ရှုသူ :2190
ရခိုင် သတင်း

ရခိုင်ပြည်နယ်အနောက်ဘက်နယ်စပ် မောင်တောမြို့ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် ရဲတပ်သားများသည်သူတို့တပ်စခန်းများကို ရက္ခိုင့်တပ်တော်က လာရောက်တိုက်ခိုက်မည်ကိုစိုးရိမ်သောကြောင့် နေ့စဥ်ဆိုသလို ထွက်ပြေးမှုများရှိနေကြောင်း သိ၇သည်။

ယနေ့ဖေဖော်ဝါရီ ၈ ရက်တွင် မောင်တောမြို့မရဲစခန်းမှ ရဲတပ်သားနှစ်ဦး ထွက်ပြေးသွားသည်ဟုမောင်တောမြို့ခံတစ်ဦးက ပြောသည်။

" ဒီနေ့လည်းရဲစခန်းက ရဲသားနှစ်ယောက်ထွက်ပြေးသွားတယ်ကြားတယ်။ လက်နက်နဲ့လား၊လက်နက်မဲ့လားတော့ မသိဘူး" ဟုပြောသည်။

ယမန်နေ့ ဖေဖော်ဝါရီရ ရက်ကဆိုလျှင် မောင်တောမြို့အဝင် မြို့သူကြီးအနီးရှိ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ(၅)မှနယ်ခြားစောင့်တပ်သား ၁၀ ဦးခန့်သည် စခန်းမှ ထွက်ပြေးသွားခဲ့သည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်များက ပြောသည်။

"မနေ့က နခခ(၅)နားမှာ ဂိတ်ပိတ်ထားတယ်။ လုံခြုံရေးလည်း တင်းကျပ်ထားတယ်။ ကျနော်တို့ အဲဒီနားကသွားလို့မရလို့ တခြားနေရာက ပတ်သွားလိုက်၇တယ်" ဟု မောင်တော ဒေသခံတစ်ဦးကပြောသည်။

ထို့အပြင်နခခ(၆) မှ နယ်ခြားစောင့်ရဲများသည်လည်း ထွက်ပြေးနေသည်မှာ ၃ ရက်ဆိုက်တိုက်ရှိနေပြီဟု နောက်ထပ်ဒေသခံတစ်ဦးက ဆိုသည်။

"ဒီလိုပဲ တစ်ရက်မှာ၃ ယောက်၊ ၄ ယောက်လောက်စီ ပြေးကြတယ်။ ၆ ရက်နေ့ကဆိုရင် ပြေးတာ အယောက် ၆၀ လောက်ကြားတယ်။မနေ့ကတော့ အယောက် ၃၀ လောက်ပြေးတယ်ကြားတယ်" ဟုဆိုသည်။

ဘင်္ဂလာ-မောင်တော နယ်စပ်မြို့ဖြစ်သည့်တောင်ပြို(လက်ဝဲ) မြို့နှင့် တောင်ပြို(လက်ယာ) မြို့ ၂ မြို့ကိုရက္ခိုင့်တပ်တော်က သိမ်းပိုက်ထားပြီး နယ်စပ်ကို ရက္ခိုင့်တပ်တော်ကထိန်းချုပ်ထားသည်။

များမကြာမီတွင်လည်း တခြားနယ်ခြားစောင့်စခန်းများ တိုက်ခိုက်ခံရမည်ကို စိုးရိမ်၍ နယ်ခြားစောင့်တပ်သာများအစုလိုက် အပြုံလိုက် ထွက်ပြေးသည်များလည်း ရှိနေသလို တစ်ဦးချင်းထွက်ပြေးသည်များလည်းရှိနေသည်။

ထွက်ပြေးရာတွင်တချို့ဆို လက်နက်မဲ့ ထွက်ပြေးပြီး တချို့ဆို လက်နက်အပြည့်အစုံနှင့် ထွက်ပြေးကာဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ လည်းကောင်း၊ ရက္ခိုင့်တပ်တော်(AA)ထံလည်းကောင်းလက်နက်ချ အလင်းဝင်သည်များလည်း ရှိသည်ဟု သိ၇သည်။ (NN-3)

#မောင်တော
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.