အင်္ဂါ၊ မေလ ၇ရက်၊ ၂၀၂၄

ရသေ့တောင်တွင် ၁လအတွင်း စစ်ကောင်စီ၏လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျွဲ၊ နွား ၅၀‌ ကျော်သေဆုံးဟုဆို


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၈ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1k

ရခိုင်ပြည်၊ရသေ့တောင်မြို့နယ်တွင် စစ်ကောင်စီ၏လက်နက်ကြီးကျည်ပစ်ခတ်မှုကြောင့် တစ်လ အတွင်း ကျွဲနှင့် နွားအကောင် ရေ ၅၀ကျော်သေဆုံးသွားကြောင်းသတင်းရရှိသည်။

ရသေ့တောင်မြို့တွင် မြို့ပေါ်တပ်ရင်းများဖြစ်ကြသည့် ခမရ ( ၅၃၆)၊  ခမရ (၅၃၇) နှင့် ခမရ (၅၃၈)တို့မှ လက်နက်ကြီးကျည်များပစ်ခတ်သဖြင့် ကျေးရွာတစ်ချို့တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ နွားများသေဆုံးမှုများရှိခဲ့သည်ရသေ့တောင် ဒေသခံတစ်ဦးကနိရဉ္စရာသတင်းဌာနကိုပြောသည်။

" တစ်လအတွင်းမှာဆိုရင် ကျွဲနဲ့နွားတွေသေတာ အကောင် ၅၇ ကောင်လောက်ရှိနေပြီ။ ဒဏ်ရာရတဲ့ အကောင် တွေလည်း ရှိတယ်။ အဲ့ဒီတပ်ရင်းတွေက တိုက်ပွဲမရှိလည်း နေ့တိုင်းလိုလို ပစ်နေတာ။ လူအထိခိုက် မရှိပေမယ့် ဒီနွားတွေနဲ့လုပ်ကိုင်စားသောက်နေကြရတာ။ အိုးအိမ်တွေဆုံးရှုံး အခု လုပ်ကိုင်စားသောက်တဲ့နွားတွေပါ ဆုံးရှုံးသွားတော့ တကယ်စိတ်မကောင်းဖြစ်ရတယ်" ဟုပြောသည်။

ဖေဖော်ဝါရီ ၄ ရက်ကလည်း မြို့ပေါ်တပ်ရင်းများမှ လက်နက်ကြီးကျည်များပစ်ခတ်မှုကြောင့် သောင်းဒြားကျေးရွာဖက်သို့ကျရောက်ပေါက်ကွဲခဲ့ပြီး လယ်သမား ၂ ဦးပိုင်  နွား ၇ ကောင် သေဆုံးသွားခဲ့ဟု ရွာသားတစ်ဦးကနိရဉ္စရာကိုပြောသည်။

" သောင်းဒြား အရှေ့ဖက်ရွာကို လက်နက်ကြီးကိည် ၇လုံးပစ်တာ ၅လုံးကွဲတယ်။ နွား ၇ကောင် သေတယ်။ လူအထိခိုက်မရှိခဲ့ဘူး။ သူတို့က အရပ်ဖက်အဖွဲ့စည်းတွေ၊ စစ်ရှောင်တွေရှိတဲ့ နေရာတွေကို ရည်ရွယ်ပြီးပစ်နေတာ " ဟုပြောသည်။

ပြီးခဲ့သည််ဇန်နဝါရီလအစမှ ဖေဖော်ဝါရီအစောပိုင်းရက်များအထိ ရသေ့တောင်မြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျည်ထိမှန်၍  သောင်းဒြားကျေးရွာ ၊ငတောက်တူကြီး‌ ကျေးရွာနှင့် ခနောင်းကြီးကျေးရွာဖက်မှ ကျွဲနွားများသေဆုံးခဲ့ရကြောင်းဒေသခံများကပြောသည်။

ယင်းအပြင် ရသေ့တောင်မြို့ တောင်လှမော်ကျေးရွာမှ နွား ၂၀ကျော်ခန့်ကိုလည်းဇန်နဝါရီလ အတွင်းက စစ်ကောင်စီတပ်ရင်းများမှ ယူဆောင်သွား‌ကြောင်းသိရသည်။

ရသေ့တောင်မြို့ပေါ်ရှိတပ်ရင်းများနှင့် ရက္ခိုင့်တပ်တော်တို့ အကြား စစ်ရေးအခြေနေတင်းမာနေကြောင်း ဒေသခံများကပြောသည်။( NN-11) 

ဆက်စပ် သတင်းများ