အင်္ဂါ၊ မေလ ၇ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ် ကိုးတန်ကောက်နယ်ခြားစောင့်စခန်း AA သိမ်းလိုက်ပြီဟု သတင်းထွက်နေ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၉ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

ရသေ့တောင်မြို့နယ် ကိုးတန်ကောက်နယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက် လိုက်ပြီဟု သတင်းထွက်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။  

ယမန်နေ့ နံနက်က စတင်ပြီး ရက္ခိုင့်တပ်​တော်က ကိုးတန်ကောက် စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီကလေယာဉ်ဖြင့် လာရောက်တိုက်ခိုက်သလို ရေတပ်နေဗီကလည်း လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေသည့်ကြားက တပ်တော်က သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

ဒေသခံ တစ်ဦးက " မနေ့ မနက် ၇ နာရီခွဲကနေ ကိုးတန်ကောက်တပ်ကို ကိုယ့်တပ်တော်က တိုက်နေတာ။ လူတွေကတော့ လက်နက်ကြီးပစ်ကတည်းက ထွက်ပြေးပုန်းအောင်းနေကြရတယ်။ ဒီနေ့တော့ နေဗီကနေ လက်နက်ကြီးနဲ့ ပစ်တယ်။ ဒါပေမယ့်  စခန်းသိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။ လက်နက်ငယ် ပစ်သံတွေတော့ မကြားရတော့ဘူး  ဟု ပြောသည်။

၎င်းပြင် ယမ် နေ့ နံနက် ၁၁ နာရီခန့်ကလည်း  စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများလည်း ရှိခဲ့သည်ဟု သိရသည်။ 

ကိုးတန်ကောက်နယ်ခြားစောင့်စခန်းသည် အငူမော်- မောင်တောကားလမ်းဘေးတွင်တည်ရှိပြီး  ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့က ရက္ခိုင့်တပ်တော်က စတင်တိုက်ခိုက်ခဲ့သည့် ဒုံးပိုက်နှင့် ချိန်ခါလီ အနီးတွင် တည်ရှိသည်။

ဆက်စပ် သတင်းများ