စနေ၊ ဇွန်လ ၂၂ရက်၊ ၂၀၂၄

မင်းပြားကျားရှည်ပြင်အနီးတိုက်ပွဲပြင်းထန်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၁ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 3.1k

စစ်ကောင်စီ ရေတပ်စစ်ရေယာဉ် ၆ စီးတွင် တစ်စီးမီးလောင်

ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားသည့် မင်းပြားမြို့ကို စစ်ကောင်စီက ရေတပ်၊ လေတပ်ကို အသုံးပြီး ပြန်လည် တိုက်ခိုက်လာသဖြင့် ကျားရှည်ပြင်အနီးတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။

ဒေသခံ သတင်းရင်းမြစ်တစ်ဦးက”ကျားရဲပြင်ဘက်မှာ တိုက်ပွဲပြင်းထန်နေပါတယ်။ မနေ့ကနေ ဖြစ်နေတာပါ။ အခု မနက် ၁၁ နာရီထိ ပြင်းထန်စွာဖြစ်ပွားနေပါတယ်။ စစ်ရေယာဉ် ၆ စီးပါတယ်။ တစ်စီးကတော့ မနေ့ကတည်းက မီးလောင်သွားပါပြီ” ဟု ပြောသည်။

လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံများကို ဆက်တိုက်ကြားနေရပြီး ယနေ့ နံနက်တွင် ပိုမို ပြင်းထန်နေသည်ဟု  ပြောကြားသည်။

မင်းပြားမြို့ရှိ ခမရ (၃၈၀)၊ ခမရ (၃၇၉) နှင့် ခမရ (၅၄၁) တပ်ရင်း ၃ ရင်းစလုံးကို ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက်ထားပြီးနောက် စစ်ကောင်စီက ရေတပ်၊ လေတပ်များဖြင့် ပြန်လည် တိုက်ခိုက်လာသည်ဟု သိရသည်။

ညီနောင်မဟာမိတ် သုံးဖွဲ့၏ မနေ့က ထုတ်ပြန်ချက်တွင်လည်း  ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် ရက္ခိုင့်တပ်တော်မှ အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်သော မင်းပြားမြို့အား ယမန်နေ့ (ဖေဖော်ဝါရီ ၁၀) ရက်နေ့က တစ်ရက်လုံးတွင် စစ်ကောင်စီသည် ရေကြောင်း၊ လေကြောင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

ဆက်စပ် သတင်းများ