ရခိုင်ပြည်၊သံတွဲမြို့၊ ဆင်ခေါင်းကျေးရွာအနီးပင်လယ်ပြင်တွင် စစ်ကောင်စီရေတပ်ကယနေ့ နံနက်ပိုင်းက လက်နက်ကြီးပစ်ခတ်မှုများဆက်တိုက်ပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။
ယနေ့ဖေဖော်ဝါရီလ၁၁ ရက်၊ မနက် ၁၁ နာရီဝန်းကျင်က ဆင်ခေါင်းကျေးရွာနှင့် ရေမိုင်(၁၀)မိုင် ခန့်အကွာ ပင်လယ်ပြင်မှ စစ်ကောင်စီနေဗီက လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီး အကြိမ်နှစ်ဆယ် ဝန်းကျင်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။
" ဆင်ခေါင်းရွာနဲ့ရေမိုင် ဆယ်မိုင်လောက်ပဲ ဝေးတယ်။ပင်လယ်ထဲမှာ လက်နက်ကြီးပစ်နေတဲ့နေဗီက။ အားလုံးအချက် ၂၀ လောက်ပစ်ခဲ့တယ်။ ဘာကြောင့် ပစ်တယ်ဆိုတာ မသိ၇ဘူး "ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီနေဗီကမည်သည့်ရည်ရွယ်ချက်ဖြင့် မည်သည့် ဘက်သို့လက်နက်ကြီးပစ်ခတ်နေမှန်း မသိရှိရသော်လည်း အနီးအနားရှိ ဒေသခံကျေးရွာများမှာစိုးရိမ်မှုရှိနေကြသည်ဟုဆိုသည်။
" နေဗီက ဘယ်ကိုပစ်တာလဲတော့မသိဘူး။ ဒါပေမယ့်လက်နက်ကြီးနဲ့ ရွာတွေဘက်ပစ်တာမျိုးတွေ ဖြစ်လာမှာတော့ စိုးရိမ်တယ်"ဟု ဒေသခံတစ်ဦးက နိရဥ္စရာသို့ပြောသည်။
ယနေ့ နံနက်ပိုင်းကစစ်ကောင်စီနေဗီမှလက်နက်ကြီးပစ်ခတ်သံများကို သံတွဲမြို့အနီးတဝိုက် ကျေးရွာများကအထိကျယ်ကျယ်လောင်လောင်ကြားခဲ့၇ကြောင်း ဒေသခံများကပြောသည်။
ရွှေလှေကျေးရွာဒေသခံတစ်ဦးက"အုန်း အုန်းသံ ဒီဘက်ကလည်း ကြားရတယ်ဗျို့။ ဘယ်နေရာဘယ်ဆီ ဘယ်ကထုတယ် မသိဘူး။ ဆက်တိုက်ဆော်နေတာ။ ဆင်ခေါင်းဘက်ကကြား၇တာ" ဟု ပြောသည်။(NN-23)