Preview

ပလက်၀မြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

ဖေဖော်ဝါရီ ၁၁/ ၂၀၂၄ | ကြည့်ရှုသူ :1366
ရခိုင် သတင်း

ပလက်၀မြို့အား စစ်ကောင်စီက ဂျက်ဖိုက်တာ တစ်စီးဖြင့် တိုက်ခိုက်သဖြင့်ကလေးငယ် တစ်ဦးသေဆုံးကာ တစ်ဦး ထိခိုက် ဒဏ်ရာရရှိသွားကြောင်း သတင်း ရရှိသည်။

ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၄ နာရီ ၄၅ မိနစ်အချိန်တွင် ဂျက်ဖိုက်တာဖြင့်(၂) ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လေယာဉ်ပေါ်မှ စက်သေနတ်နှင့်ပါ ပစ်ခတ်ခဲ့သည်ဟုရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်သည်။

 

ရက္ခိုင့်တပ်တော် (AA)သိမ်းပိုက်ထားသော ပလက်၀မြို့အား စစ်ကောင်စီက မကြာခဏ ဗုံးကြဲတိုက်ခိုက်မှုများရှိနေပြီးဇန်နဝါရီ ၂၉ ရက်နေ့ကလည်း ပလက်၀မြို့နယ်၊ဟုမ်းကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ၃ ကြိမ် ဗုံကြဲတိုက်ခိုက်ရာ ပြည်သူ(ရ) ဦး သေဆုံးသွားခဲ့သည်ဟု သိ၇သည်။  

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.