တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ကျောက်ဖြူ-ရန်ကုန်ခရီးစဉ် သာမန်အရပ်သားများကို လေယာဉ်စီးခွင့်ပြုတော့မည်မဟုတ်ဟုဆို


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၁ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 4.8k

ရခိုင်ပြည်၊ ကျောက်ဖြူမှ ရန်ကုန်သို့ လိုက်ပါမည့် လေယာဉ် ခရီးသည်များအား ကျောက်ဖြူ ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ခွင့်မပြုသည့် ခရီးသည်များအား လိုက်ပါစီးနင်းခွင့်ပြုတော့မည်မဟုတ်ဟု သိရသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ  (၁၁) ရက် ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော အစည်းအဝေး၌ ထိုသို့ ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

အဆိုပါ အစည်းအဝေးဆုံးဖြတ်ချက်အရ လာမည့် ဖေဖော်ဝါရီ ၁၅ ရက်နေ့က စတင်ပြီး ကျောက်ဖြူမြို့မှ ရန်ကုန်သို့ လိုက်ပါမည့် ခရီးသည်များအနေဖြင့် ခရီးသွားမည့် ရက်မတိုင်မီ လေကြောင်းလိုင်းဖြင့် စီးနင်းခွင့်လက်မှတ်အား ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးရုံးသို့  သွားရောက်တင်ပြ တောင်းခံရမည်ဖြစ်ပြီး ၎င်းရုံးမှ ခွင့်မပြုတော့သည့် ခရီးသည်များအနေဖြင့် လေကြောင်းလိုင်းခရီးစဉ်ဖြင့် လိုက်ပါခွင့်ပြုတော့မည်မဟုတ်ကြောင်း သိရသည်။

လေကြောင်း ခရီးစဉ်ဖြင့် ကျန်းမာရေးမကောင်းသည့်သူများ၊ ကျောင်းတက်နေသည့် ကျောင်းသူ ကျောင်းသားများနှင့် ခွင့်ပြုချက်ရရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများကိုသာ ခွင့်ပြုတော့မည်ဖြစ်ကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!