Preview

ကျောက်တော်မှ လူထုဇော်ဝင်းနှင့် ဓာတ်ပုံဆရာစိုးမိုးကျော်အပါအဝင် ၃ ဦးလွတ်မြောက်

ဖေဖော်ဝါရီ ၁၃/ ၂၀၂၄ | ကြည့်ရှုသူ :2131
ရခိုင် သတင်း

ရခိုင်ပြည် ၊ကျောက်တော်မြို့တွင်ဖမ်းဆီးခံထားရသည့် လူထုဇော်ဝင်းနှင့် မင်းပြားမှ ဓာတ်ပုံဆရာ ဦးစိုးမိုးကျော် အပါအဝင်  ၃ဦး အသက်မသေဘဲလွတ်မြောက်ခဲ့ကြောင်း သတင်းရရှိသည်။

ကျောက်တော် စကခ(၉) ဌာနချုပ်လက်အောက်ရှိခမ၇ ၃၇၅ တပ်ရင်းတွင် ဖမ်းဆီးထိန်းသိမ်း ခံထားရာကလွတ်မြောက်လာခြင်းဖြစ်သည်ဟု ကျောက်တော်မြို့ခံသတင်းရင်းမြစ် တစ်ဦးက နိရဉ္စရာကိုပြောသည်။

" သူတို့ လွတ်မြောက်လာတာမှန်တယ်။ ကျနော်တို့သိ၇သလောက် ၃၇၅ကို ၇ကတည်းက လွတ်မြောက်လာတယ်လို့ ကြားတယ်" ဟုပြောသည်။

၎င်းလွတ်မြောက်လာသူ သုံးဦးသည် ကျောက်တော်စကခ(၉) လက်အောက်ခံ ခမ၇ ၃၇၅ကိုရက္ခိုင့်တပ်တော် သိမ်းပိုက်ချိန်က ထွက်ပြေး လွတ်မြောက်လာခြင်းကိုကြားမိသည်ဟု ကျောက်တော်ဒေသခံတစ်ဦးကနိရဉ္စရာကိုပြောသည်။

"  ကျနော်တို့ကြားတာက ထွက်ပြေးလွတ်မြောက်လာတာ။ ကိုယ့်တပ်တော်က ကယ်ထားပါတယ်။ လေးယောက်မှာ တစ်ယောက်သေတယ်။ ကိုဇော်ဝင်းအပါအဝင်သုံး ယောက်ကလွတ်တယ် " ဟုပြောသည်။

လွတ်မြောက်လာသည့်သူများကိုလည်းရက္ခိုင့်တပ်တော်က လုံခြုံသည့်နေရာတွင်ထိန်းသိမ်းထားကြောင်း သိရသည်။

ကျောက်တော်မြို့၊ မြို့မရဲစခန်းမှ ရဲနှင့်စစ်သားအများအပြားသည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက် နေ့ကနေ စခန်းမှစွန့်ခွာသွားခဲ့ကြပြီး စကခ(၉)နှင့်ပူးပေါင်းခဲ့စဥ် မြို့မရဲစခန်းမှ အချုပ်ကားနှင့်အတူ ဦးဇော်ဝင်းတို့လည်းပါသွားခဲ့သည်

ပြီးခဲ့သည့်၂၀၂၂ခုနှစ်အတွင်းက စစ်ကောင်စီသည် ကျောက်တော်မြို့မှ လူမှုရေးလှုပ်ရှားသူ ဦးဇော်ဝင်းကို ပုဒ်မ ၅၀၅-ကဖြင့်တရားစွဲဆိုထားပြီး မင်းပြားမြို့မှ  အပျော်တမ်း ဓာတ်ပုံဆရာဦးစောမိုးကျော် ကိုပုဒ်မ ၁၇(၁)ဖြင့်ကျောက်တော်မြို့မရဲစခန်းတွင်တရားစွဲဆိုအမှုဖွင့် ဖမ်းဆီးခဲ့ကြောင်းသိ၇သည်။(NN-11) 

#ကျောက်တော်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.