Preview

ပေါက်တောတွင် စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် လူငယ် ၂ ဦးအပါအဝင် အရပ်သား ၈ ဦးထိခိုက်ဒဏ်ရာရ

ဖေဖော်ဝါရီ ၁၃/ ၂၀၂၄ | ကြည့်ရှုသူ :1895
ရခိုင် သတင်း

ရက္ခိုင့်တပ်တော်ကသိမ်းပိုက်ထားသည့် ပေါက်တောမြို့နယ်သို့ စစ်ကောင်စီက ညဉ့်အချိန် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာသက်ကြီးရွယ်အိုနှင့် ကလေးသူငယ် အပါအဝင် အရပ်သားပြည်သူ ၈ ဦး ခန့်ထိခိုက်ဒဏ်ရာရရှိသွားကြောင်းသတင်းရရှိသည်။

ဒဏ်ရာရရှိသွားသူများမှာပေါက်တောမြို့နယ်၊ ကျောက်ပြင်ကျေးရွာနှင့် တောင်မော်ဦး(ခေါ်) အေးချမ်းသာကျေးရွာတို့မှ ဒေသခံ ၈ ဦးတို့ဖြစ်သည်။

ယမန်နေ့ဖေဖော်ဝါရီလ ၁၂ ရက်၊ ညဥ့် ၁၁ နာရီကျော်အချိန်က စစ်ကောင်စီကဂျက်ဖိုက်တာ လေယာဥ်တစ်စီးဖြင့်လာရောက်ဗုံးကြဲခဲ့ရာမှ အိပ်ပျော်နေသည့်ဒေသခံများအပါအဝင် ၈ ဦးတို့ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ပိန္နဲချောင်းဒေသခံတစ်ဦးကပြောသည်။

" ည ၁၁နာရီနောက်ပိုင်းမှာ လေယာဥ်နဲ့လာဗုံးကြဲသွားတာပါ။ တိုက်ပွဲဖြစ်တာမျိုးမရှိပါဘူး။မင်းပြားဘက်ကနေဗီ စစ်တွေဘက်ပြန်ဆင်းလာတဲ့အချိန်မှာဗုံးကြဲသွားတာပါ" ဟု ပြောသည်။

ကျောက်ပြင်ကျေးရွာမှမောင်ကျော်စိုးလင်း(၁၆)နှစ်၊ဒေါ်အမိချေ(၄၂)နှစ်၊ မောင်ထိဖိုး၀ချေ(၁၂)နှစ်၊ဒေါ်ကြိုင်စိန်မ(၇၁)နှစ်၊ ဦးလှထွန်းဝေ(၄၂)နှစ်နှင့်သူ၏ဇနီး၊ ဒေါ်အေးနု(၄၂)နှစ်နှင့် တောင်မော်ဦး ကျေးရွာမှဦးအောင်စိန်(၇၀) ကျော်တို့ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်းသိ၇သည်။

ဒဏ်ရာရရှိသူများမှာအသက်အန္တရာယ်မစိုးရိမ်ရတော့ သော်လည်း ဦးလှထွန်းဝေနှင့် ဒေါ်ကြိုင်စိန်မတို့မှာတခြားသူများထက် ဒဏ်ရာပြင်းထန်ကြောင်းသိရှိ၇သည်။

ဒဏ်ရာရရှိသူများကိုယမန်နေ့ညပိုင်းက မြင်းဂါဆေးရုံသို့ပို့ဆောင်ခဲ့၇ကြောင်း လည်းသူကပြောသည်။

ဖေဖော်ဝါရီ၁၁ ရက် ည (၁၀) နာရီကျော်အချိန်ခန့်ကလည်းရက္ခိုင့်တပ်တော် အလုံးစုံထိန်းချုပ်ထားပြီဖြစ်သည့် ကျောက်တော်မြို့နှင့် အနီးတစ်ဝိုက်ကျေးရွာများသို့စစ်ကောင်စီ၏ ထောက်ပို့လေယာဉ်သည် လေကြောင်းမှ ညအချိန်မတော်တစ်ဖက်သတ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပိုက်သည် ရပ်ကွက်အတွင်းမှ အရပ်သားပြည်သူ (၇) ဦးပွဲချင်းပြီးသေဆုံးခဲ့ပြီး (၉) ဦးနီးပါးခန့်လည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ လုံးလည်း လက်နက်ကြီးကျည်ပေါက်ကွဲခဲ့၍ မီးလောင်ခဲ့၇သည်။

စစ်ရှုံးစစ်ကောင်စီသည်ရက္ခိုင်ဒေသရှိ မြို့နယ်များနှင့် တပ်စခန်းများကို စစ်ဆင်ရေး(၂) လတာအတွင်း တစ်ပြိုင်နက် တည်း လက်လွှတ်ဆုံးရှုံးခဲ့ရသည့်အတွက် ရက္ခိုင့်တပ်တော်ထိန်းချုပ်ရာမြို့နယ်များအား လေကြောင်း၊ရေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများကိုနေ့စဉ်ရက်ဆက်မက ဆက်တိုက် ပြုလုပ် လာလျက်ရှိသည်ဟု၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့၊ ည (၁၂:၀၀) အချိန်တွင်ထုတ်ပြန်သည့် ၁၀၂၇ စစ်ဆင်ရေး (၁၀၉) ရက်မြောက်နေ့တိုက်ပွဲသတင်းများထုတ်ပြန်ရာတွင် ဖော်ပြသည်။ (NN-23)(ဓာတ်ပုံ- ပုံဟောင်း)

#ပေါက်တော
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.