Preview

ကျောက်ဖြူ ဓည၀တီရေတပ်စခန်းမှ ရခိုင်လူမျိုး စစ်ကောင်စီတပ်သားတချို့ထွက်ပြေး၍ သေနတ်ဖောက်ပြီးလိုက်ရှာ

ဖေဖော်ဝါရီ ၁၅/ ၂၀၂၄ | ကြည့်ရှုသူ :7480
ရခိုင် သတင်း

ကျောက်ဖြူမြို့နယ် သစ်ပုတ်တောင် တွင် အခြေစိုက်ထားသည့် ည၀တီရေတပ်စခန်းမှ စစ်ကောင်စီတပ်သား ရခိုင်လူမျိုးတချို့ထွက်ပြေးသွားသောကြောင့် အနီးအနားကျေးရွာများတွင် သေနတ်ပစ် ဖောက်ပြီး လိုက်ရှာနေကြသည်ဟု ဒေသခံများထံမှသိ၇သည်။

“မနက်၄ နာရီလောက်ကတည်းက ကြံချိုင်ရွာကိုဝင်ရှာတယ်။ မနက် ၁၁ နာရီလောက်မှ ပြန်သွားကြတယ်။ဝင်လာတဲ့အခါ ဘယ်လိုဝင်လာလည်းဘယ်သူမသိလိုက်ဘူး။ ရွာကထွက်တဲ့အခါ စစ်သား ၃၀ လောက်ကုန်းကြောင်းကနေ ထွက်တယ်။ရေကြောင်းက ၂၀ကျော်လောက် ထွက်သွားတာကိုတွေ့လိုက်ရတယ်”ဟု ဒေသခံတစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

စစ်ကောင်စီတပ်သားရခိုင် လူမျိုးများသည် ဖေဖော်ဝါရီ ၁၅ရက်နေ့နံနက် ၂နာရီခန့်တွင် ထွက်ပြေးသွားသည်ဟု ထင်မြင်မိကြောင်း၊လိုက်လံရှာဖွေသည့် စစ်ကောင်စီတပ်သားများသည် ကြံချိုင်ရွာ အနီးတောင်တန်းတွင် သေနတ်ငါးချက်ပစ်ခတ်ခဲ့ပြီး တောင်းတန်း အဆင်းတွင်လည်းသေနတ်များ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှသိ၇သည်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ခိုင်အမျိုးသမီး ၂ဦးနှင့်အမျိုးသား၁ဦး၊ယနေ့ ဖေဖော်ဝါရီ ၁၅ရက်တွင် ၇ခိုင်လူမျိုးစစ်ကောင်စီတပ်သား ၃ဦးထွက် ပြေးသွားခဲ့သည်ဟု သိ၇သည်။

ယခုလပိုင်းတွင် ကျောက်ဖြူမြို့နယ် သစ်ပုတ်တောင် တွင် အခြေချထားသည့် ည၀တီရေတပ်စခန်းမှ စစ်ကောင်စီ အထက်ပိုင်းအရာရှိအပြောင်းအလဲများ ပြုလုပ်ခဲ့ကြောင်းဒေသခံများထံမှသိ၇သည်။

“အနီအနားရွာတွေက အရင်ကတည်းက လက်နက်ကြီးနဲ့ပစ်တော့လူတွေကရှောင်နေတာ မရှိသလောက်ဖြစ်သွားပြီ။ စည်မော်၊စစ်တော၊ သစ်ပုတ်တောင်ရွာတို့မှာမရှိသလောက်ဖြစ်သွားပြီ။ နီးစပ်တဲ့ရွာတွေမှာရင်းနှီးရာခိုကပ် စားနေကြ၇တယ်။အခက်အခဲဖြစ်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဓည၀တီရေတပ်စခန်း အနီးရှိ စည်မော်၊စစ်တော၊ သစ်ပုတ်တောင် ကျေးရွာတို့မှ ဒေသခံများသည် မဒေးကျွန်းဖက်သို့စစ်ရှောင်နေကြရပြီး ငှက်ပျောချောင်း၊ကုလားဘာကျေးရွာတို့တွင်လည်းစစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်ခြင်းများရှိ၍ရွာသားများ ထွက်ပြေးနေရကြောင်းသိ၇သည်။

သစ်ပုတ်တောင်တွင် အခြေစိုက်သည့် ဓည၀တီ ရေတပ်စခန်းသည် ကျောက်ဖြူမြို့နှင့် ၄မိုင်ခန့်အကွာတွင်တည်ရှိပြီး တရုတ်စီမံကိန်းတည်ရှိရာ မဒေးကျွန်းနှင့် ၅ မိုင်ခွဲခန့်အကွာတွင် တည်ရှိသည်ဟု သိ၇သည်။

ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်ကျေးရွာအနီးရှိ စစ်ကောင်စီ၏ “ဓည၀တီရေတပ်စခန်း”အား ရက္ခိုင့်တပ်တော် (AA) မှ ဇန်နဝါရီ ၈ ရက် နံနက် (၆) နာရီဝန်းကျင်၌ ပထမဆုံးအကြိမ် စတင်တိုက်ခိုက်ခဲ့ကြောင်း သိ၇သည်။

ဇန်နဝါရီလ ၈ ရက် နံနက် ရ နာရီဝန်းကျင်က သစ်ပုတ်တောင် ဓည၀တီရေတပ် စခန်းကို AA က ဒုတိယ အကြိမ် ရှော့တိုက်ဒုံးဖြင့် ၅ ကြိမ်ပစ်ခတ်ခဲ့ရာမှ နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိ၇သည်။(NN-20)

#ကျောက်ဖြူ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.