စနေ၊ မေလ ၁၁ရက်၊ ၂၀၂၄

မြေပုံမြို့ကိုလည်း ရက္ခိုင့်တပ်တော်သိမ်းပိုက်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၆ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 4.1k

(မြို့နယ်အဆင့် မြို့၆ မြို့ကို လက်ရှိအချိန်ထိ သိမ်းပိုက်ထား)

ရက္ခိုင့်တပ်တော်  (AA)သည် နောက်ထပ် မြို့တစ်မြို့ဖြစ်သည့် မြေပုံမြို့ကိုလည်း သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် မြေပုံမြို့ရှိ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက်စခန်းများသိမ်းပိုက် ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဖော်ပြထားသည်။

 

“ ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်း ရက္ခိုင့်တပ်တော်၏ သုံးလတာစစ်ဆင်ရေးအပြီးတွင် ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့ များပေါ်မှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်စခန်းများကို သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်ကြောင်း” ထုတ်ပြန်ချက်တွင် ဖော်ပြသည်။


မြေပုံမြို့ပေါ်မှ မိသားစုများ၊ အစိုးရဝန်ထမ်းများ အပါအဝင် စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင် ၃၀၀ ခန့်သည်  ဖေဖော်ဝါရီ ၁၂ ရက် နံနက် အစောကြီးညအချိန် ၁ နာရီခန့်က မြေပုံမြို့ကို စွန့်ခွာသွားခဲ့ကြသည်။

၎င်းတို့ကို ရေတပ်စစ်ရေယာဉ်ဖြင့် ကျောက်ဖြူမြို့သို့ ခေါ်ယူသွားခြင်းဖြစ်ကြောင်း သိရသည်။

၎င်းပြင် ရက္ခိုင့်တပ်တော်သည် မြို့အဆင့်သတ်မှတ်ခံထားရသည့် တောင်ပြို၊ ဆမီး၊ တပ်တောင်၊ ကမ်းထောင်းကြီး၊ လေးတောင်စသည့် မြို့အများအပြားကို သိမ်းပိုက် ထိန်းချုပ်ထားကြောင်း သိရသည်။

ဆက်စပ် သတင်းများ