တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

မောင်တောဗောဓိကုန်းက နယ်ခြားစောင့်စခန်း အကျအဆုံးများစွာဖြင့် စခန်းစွန့်ခွာထွက်ပြေးသွားဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.1k

မောင်တောမြို့နယ်၊ ဗောဓိကုန်းစခန်းမှ နယ်ခြားစောင့်များသည် အကျအဆုံးများစွာဖြင့် ယနေ့နံနက် အစောကြီး ၃ နာရီအချိန်က စခန်းကို စွန့်ခွာသွားခဲ့ကြသည်ဟု သတင်းရရှိသည်။

“ သူတို့က ဒီကနေ့ မနက် ၃ နာရီလောက်မှာ စခန်းစွန့်ခွာသွားတယ်လို့ သိရပါတယ်။ မောင်တောမြို့ အဝင် နခခ( ၅) မှာသွားပေါင်းတယ်လို့ သိရပါတယ်။ ဒီကနေ့ မနက် ၆ နာရီလောက်မှာတော့ ဗောဓိကုန်း စခန်းအနီးကို ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံး ၂ လုံးကြဲသွားပါတယ်”ဟု ပြောကြားသည်။

ယမန်နေ့ က နံနက် ၆ နာရီကနေ ည  ၁ ၀ နာရီက တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ညဉ့် ၁ နာရီ အချိန်တွင် သေနတ်သံများ တိတ်သွားခဲ့ပြီး ၃ နာရီ အချိန်တွင် စခန်းစွန့်သွားခဲ့ကြသည်ဟု ၎င်းက ပြောဆိုသည်။

“သူတို့က  စစ်ကူလာတဲ့  နယ်ခြားစောင့်နဲ့ စစ်သားတွေနဲ့ ညောင်ချောင်း မွတ်ဆလင်ရွာမှာ  ပူးပေါင်းပြီး  မောင်တောမြို့ဝင် နခခ (၅) ဝင်ပြေးသွားကြတယ်လို့ သိရပါတယ်။ စစ်ကူလာတဲ့ စစ်ကြောင်းနဲ့ တပ်တော်နဲ့ ညောင်ချောင်းရွာမှာ ည ၁၀ နာရီလောက်မှာ တိုက်ပွဲ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။ မနေ့က ညကဖြစ်ခဲ့တာပါ”ဟု ပြောသည်။

တိုက်ပွဲအတွင်း နယ်ခြားစောင့်တပ်သားအများအပြား ကျဆုံးသွားခဲ့သည်ဟု သတင်း ထွက်ပေါ်နေသော်လည်း သွားရောက်မကြည့်နိုင်သေး၍ သေချာမပြောနိုင်သေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

ယနေ့ ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၁၀ နာရီခွဲအချိန်ထိ ဒရုန်းများဝဲပျံနေပြီး လေယာဉ်လည်း လာမည်ကြား၍ ဒေသခံပြည်သူများ စိုးရိမ်နေကြသည်ဟု သိရသည်။

လက်ရှိတွင် သေနတ်သံများမကြားရတော့ဘဲ  အခြေအနေမှာ တိတ်ဆိတ်ငြိမ်သက်နေရာမှ မြို့သူကြီး နခခ(၅) မှ လက်နက်ကြီး ၄ လုံးပစ်သံကို ကြားရသည်ဟု ယနေ့ နေ့လယ် ၁၂ နာရီခန့်က ကျေးရွာသားတစ်ဦးက ပြောသည်။

လက်နက်ချအညံ့မခံသော စစ်ကောင်စီတပ်စခန်း တိုင်းကို တစ်ခုမျှမကျန် ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်က သတိပေးထားသည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!